close

ရုရှားကြေးစားစစ်တပ် ဝဂ္ဂနာအဖွဲ့ကို ဗြိတိန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်

ရုရှားအပေါ် ဖိအားတွေတိုးလာစေမယ့် နည်းလမ်းအဖြစ် ဗြိတိန်က ရုရှားကြေးစားစစ်တပ် ဝဂ္ဂနာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်သတ်မှတ်လိုက်ပြီလို့ သတိုင်းမ်စ် သတင်းစာက မေ ၉ ရက်မှာ ဖော်ပြလိုက်ပါတယ်။

ဝဂ္ဂနာ ကြေးစားစစ်သားတွေဟာ ယူကရိန်းနိုင်ငံ ဘတ်ခ်မွတ်မြို့ကို လအတော်ကြာကြာ ချေမှုန်းရာမှာ ရုရှားကို ဦးဆောင်မှုပေးခဲ့ပါတယ်။

ရုံးက ဒီအမှုတွဲကို နှစ်လကြာ အမှုတည်ဆောက်ခဲ့ပြီး သီတင်းပတ်တွေအတွင်း တားမြစ်ပိတ်ပင်လိုက်တာလို့ အစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဗြိတိန်အစိုးရက သူ့အစီအစဉ်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

“ဗြိတိန်ဟာ ဝဂ္ဂနာကို ၂၀၂၂ မတ်လကစပြီး ဒဏ်ခတ်ပိတ်ဆို့ခဲ့တယ်၊ တရားဝင် တားမြစ်ပိတ်ပင်တဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းကို အစိုးရက ပြန်လှန်သုံးသပ်ခဲ့တယ်၊ တရားဝင် တားမြစ်ပိတ်ပင်မလား မပိတ်ပင်ဘူးလားဆိုတာ စဉ်းစားပြီးတဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ကျနော်တို့က မှတ်ချက်မပေးဘူး” လို့ ဗြိတိန်အစိုးရ ပြောခွင့်ရက ပြောပါတယ်။

တရားဝင် တားမြစ်ပိတ်ပင်ချက်ရဲ့ အဓိပ္ပာယ်က အုပ်စုအမှတ်တံဆိပ်ကို လူသိထင်ရှား ကိုင်ဆောင်ရင်၊ အစည်းအဝေးတွေ စီစဉ် မိန့်ခွန်းပြောရင်၊ အုပ်စုကို လူသိများအောင်လုပ်ရင် အဖွဲ့ဝင်ဖြစ်ခဲ့ရင် ရာဇဝတ်မှု မြောက်ပါတယ်။

ယူကရိန်းစစ်ပွဲ စတည်းက ဝဂ္ဂနာအုပ်စုနဲ့ အုပ်စုဝင် တယောက်ချင်းတို့က ဗြိတိန်နိုင်ငံထဲမှာ စစ်ဆင်ရေးလုပ်ခဲ့တဲ့ သက်သေတော့ မရှိသေးဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ မဟာမိတ်တွေနဲ့ ရုရှား သူကြွယ်ကြီးတွေအပေါ် ဘဏ္ဍာရေးပိတ်ဆို့ဒဏ်ခတ်အပြီး ဗြိတိန်နိုင်ငံထဲက ငွေတွေကို ထုတ်ယူရာမှာ ဝဂ္ဂနာအုပ်စုက ကူညီခဲ့တယ်ဆိုတဲ့ သံသယတော့ ရှိတယ်လို့ အစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းစာက ဖော်ပြခဲ့ပါတယ်။

Up