close

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်

close

February 16, 2023

NUG ပညာရေးဝန်ကြီးဌာနနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်တို့ ပူးပေါင်း၊ CDM ကျောင်းသားများ သင်ယူခွင့်ရမည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနနဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေဖြစ်တဲ့ Massachusetts Institute of Technology နဲ့ Harvard University တို့က တည်ထောင်ထားတဲ့ edX Online Learning platform မှာ မြန်မာနိုင်ငံက CDM ကျောင်းသားတွေ လေ့လာသင်ယူလို့ရအောင် သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ NUG က ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ CDM ကျောင်းသားတွေအနေနဲ့ ပညာဆက်လက်သင်ယူနိုင်ဖို့အတွက် သင်တန်းအမျိုးအစားပေါင်း ၁၃၂ မျိုးကို edX MOOC မှာ လေ့လာနိုင်ဖို့ သဘောတူညီမှုတွေ ရရှိခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

edX ဟာ အမေရိကန်နဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေဖြစ်တဲ့ Massachusetts Institute of Technology နဲ့ Harvard University တို့က ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Online Learning platform တခုဖြစ်ပြီး edX ပညာရေးအဖွဲ့အစည်းကနေ Certificate Program, Bachelor Program, Master Program တွေကို လေ့လာသင်ယူနိုင်တယ်လို့ ဆိုပါတယ်။

edX MOOC မှာ လေ့လာသင်ယူနိုင်ဖို့ သဘောတူညီမှု ရရှိထားတဲ့ သင်တန်း ၁၃၂ မျိုးထဲက edX နဲ့ မိတ်ဘက်ဖြစ်တဲ့ နိုင်ငံတကာတက္ကသိုလ်တွေက အင်္ဂလိပ်ဘာသာနဲ့ သင်ကြားပို့ချတဲ့ သင်တန်းအမျိုးအစား ၈၈ မျိုးမှာ ကျောင်းသားဦးရေ ၅,၀၀၀ အထိ တက်ရောက် သင်ယူနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီသင်တန်းတွေကို တက်ရောက်ခွင့်ရရှိသူ‌ ကျောင်းသားတွေအနေနဲ့ အမေရိကန်ဒေါ်လာနဲ့ ပေးသွင်းရတဲ့ သင်တန်းတွေကို အခကြေးငွေ လုံးဝပေးသွင်းစရာမလိုဘဲ တက်ရောက်နိုင်မှာ ဖြစ်တဲ့အပြင် နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းပြီးဆုံးကြောင်း လက်မှတ်တွေကိုလည်း အခမဲ့ ထုတ်ယူနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခုသင်တန်းတွေရဲ့ ဝင်ခွင့်လျှောက်ထားတာနဲ့ ပတ်သက်ပြီး ဆက်လက်ထုတ်ပြန် ကြေညာသွားမယ်လို့လည်း အသိပေးထားပါတယ်။

12 mins Ago

September 5, 2022

၂၀၂၂ ခုနှစ် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များစာရင်းတွင် အမေရိကန်နှင့် ဗြိတိန်က ဦးဆောင်

၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေစာရင်းကို ထုတ်ပြန်ရာမှာ အမေရိကန်နဲ့ ဗြိတိန်တက္ကသိုလ်တွေက ဦးဆောင်နေပါတယ်။

ဒီစာရင်းမှာတော့ အမေရိကန်နည်းပညာထိပ်တန်းတက္ကသိုလ်တခုဖြစ်တဲ့ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်ကထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်မှာတော့ ဗြိတိန်နာမည်ကြီး အောက်စဖို့ဒ်တက္ကသိုလ်က ရပ်တည်နေပါတယ်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀ ခုစာရင်းမှာတော့ အမေရိကန် တက္ကသိုလ် ၅ ခုနဲ့ ဗြိတိန်တက္ကသိုလ် ၄ ခုပါဝင်နေပြီး ဆွစ်ဇာလန်တက္ကသိုလ် ၁ ခု ပါဝင်နေခဲ့တာပါ။

ဗြိတိန်အခြေစိုက် ပညာရေးသုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ QS World University Rankings က ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များအဆင့်သတ်မှတ်မှုမှာတော့ ကမ္ဘာ့တက္ကသိုလ်ပေါင်း ၁၃၀၀ ပါဝင်ပြီး တက္ကသိုလ်တွေရဲ့ သင်ကြားမှု၊ သုတေသန၊ အသိပညာဖြန့်ဝေမှု၊ ကျော်စောသတင်းနဲ့ နိုင်ငံတကာ အမြင်တွေအပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အခုနှစ်စာရင်းရဲ့ ထိပ်တန်းတက္ကသိုလ် ၂၀ စာရင်းထဲမှာတော့ အာဆီယံဒေသတွင်း နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ စင်ကာပူအမျိုးသား တက္ကသိုလ်နဲ့ နန်ယန်နည်းပညာတက္ကသိုလ်တွေက အဆင့် ၁၁ နဲ့ ၁၂ နေရာ တွေမှာ အသီးသီးရပ်တည်နေပြီး အာရှထိပ်တန်းတက္ကသိုလ်တွေအဖြစ် ရှိနေခဲ့ပါတယ်။

5 months Ago
Up