close

ကလော

close

January 5, 2023

ကလော-ဟဲဟိုးလမ်းတွင် PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်တောင်ပိုင်း အမှတ်-၁၀၀၅ တပ်ရင်းက ရဲဘော်နှစ်ယောက် ရှမ်းပြည်နယ်တောင်ပိုင်း ကလော-ဟဲဟိုးလမ်းတနေရာမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံလိုက်ရကြောင်း အဆိုပါတပ်ရင်းက  ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရဲဘော်ဇော်ဇော်အောင်နဲ့ နောက်ထပ်ရဲဘော်တဦး ဖြစ်ပြီးတော့ အစာအိမ်ရောဂါကြောင့် ဆေးကုသဖို့  ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်က ကလောမြို့ကိုသွားစဉ် လမ်းခုလတ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ အမှတ်-၁၀၀၅ တပ်ရင်းက ဆိုပါတယ်။

အခုလို ရဲဘော်နှစ်ယောက် ဖမ်းဆီးခံရတဲ့ကိစ္စမှာ စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေအပြင် တခြား လက်နက်ကိုင် အဖွဲ့အစည်းလည်း ပါဝင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၁၀၀၅ တပ်ရင်း (ရှမ်းတောင်) ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဖမ်းတဲ့အထဲမှာ စကစအပြင် လက်နက်ကိုင်အဖွဲ့ပါ ပါနေတယ်လို့ ကြားတယ်။ အစ်ကိုတို့ကတော့ ဘုံရန်သူက စကစပဲလို့ သတ်မှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို ရှောင်ခဲ့တယ်။ အခုကိစ္စကတော့ အစ်ကိုတို့ဘက်က သေချာစုံစမ်းနေတယ်။”

၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ YUG ရဲဘော် ၁၁ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

5 mins Ago

April 25, 2022

ကလောမြို့တွင် ၁၇ နှစ်အရွယ် အမျိုးသမီးအပါအဝင် လူငယ် ၂ ဦးဖမ်းဆီးခံရ

ရှမ်းပြည်တောင်ပိုင်း ကလောမြို့ ကျေးကုန်းကျောက်တန်းရွာရှိ ခရမ်းချဉ်သီးပွဲရုံတခုကို ဧပြီ ၂၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက် စစ်ကောင်စီက အင်အား ၃၀ လောက်နဲ့ လူ ၅ ဦးအား လာရောက်ရှာဖွေခဲ့ပြီး လူငယ် အမျိုးသားတဦးနဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦးတို့ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

သူတို့နှစ်ဦးကို PDF အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက‌ ပြောပါတယ်။

“နာမည်စာရင်း အတိအကျနဲ့ လာရှာတာ။ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတော့ ဖမ်းသွားတယ်။ ကျန်တဲ့ ၃ ယောက်ကို ထပ်ရှာနေဖို့ ရှိသေးလို့လည်း ပြောသွားတယ်။” 

ဒါ့အပြင် ပွဲရုံက ပိုက်ဆံ ၄ သိန်းခွဲလောက်နဲ့ ပွဲရုံအနီးနားရှိ လူတွေဆီက လက်ကိုင်ဖုန်းများ သိမ်းဆည်းသွားပြီး ပွဲရုံပိုင်ရှင်ကိုလည်း စစ်ကောင်စီတပ်သားတွေက ရိုက်နှက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။ 

ဖမ်းဆီးသွားသူ ၂ ဦးကို ကလောမြို့ ခလရ ၇ တပ်ထဲမှာ ချုပ်နှောင်ထားပြီး ဒီနေ့အထိ မိသားစုဝင်တွေ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

9 months Ago
Up