close

ကာကွယ်ရေးဝန်ကြီး

close

February 10, 2023

တရုတ်ထုတ်ကင်မရာများကို စစ်ဆေးမည်ဟု ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးပြော

ဩစတြေးလျကာကွယ်ရေးဌာနရုံးတွေမှာ တပ်ဆင်ထားတဲ့ တရုတ်နိုင်ငံထုတ် ကင်မရာတွေဟာ လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ အစီရင်ခံစာတွေကြောင့် ရုံးတွေက လုံခြုံရေး နည်းပညာတွေကို ဩစတြေးလျအစိုးရက စစ်ဆေးမယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချာတ် မာလက်စ်က ဖေဖော်ဝါရီ ၉ ရက်မှာ ပြောလိုက်ပါတယ်။

မြို့တော် ကင်ဘာရာက အမျိုးသားစစ်ပွဲ အောက်မေ့ဖွယ်ဗိမာန်မှာ တပ်ဆင်ထားတဲ့ တရုတ်လုပ် လုံခြုံရေးကင်မရာတွေကို သူလျှို သံသယကြောင့် ဖယ်ရှားမယ်လို့ ဩစတြေးလျ မီဒီယာက ဖေဖော်ဝါရီ ၈ရက်မှာ ဖော်ပြပါတယ်။

ကာကွယ်ရေးဌာနထဲက လုံခြုံရေးစောင့်ကြည့်မယ့် နည်းပညာ အားလုံးကို ပြန်ဆန်းစစ်နေပြီး အဲဒီလို ကင်မရာတွေ တွေ့ရင် ဖယ်ရှားမယ်လို့ မာလက်စ်က အေဘီစီသတင်းဌာန ရေဒီယို အစီအစဉ်နဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။

ဗြိတိန်အစိုးရက သူ့ဌာနတွေထဲမှာ တရုတ်နဲ့ ချိတ်ဆက်နေတဲ့ လုံခြုံရေး ကင်မရာတွေကို အထိအခိုက် မခံနိုင်တဲ့ အဆောက်အအုံတွေမှာ တပ်ဆင်တာရပ်ဖို့ နိုဝင်ဘာလမှာ ညွှန်ကြားခဲ့ ပြီးတည်းက ခုလို အကွက်ရွှေ့တာတွေ ဖြစ်လာတာပါ။

အမေရိကန်ရဲ့ တချို့ပြည်နယ်တွေမှာလည်း တရုတ်နည်းပညာ ကုမ္ပဏီတွေ အတော်များများဆီက ကုန်စည်တွေနဲ့ ရောင်းချသူတွေကို တားမြစ်ပိတ်ပင် ထားပါတယ်။

1 hour Ago

January 31, 2023

အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ၂ ဦးဆွေးနွေး

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆပ်နဲ့ ဆွေးနွေးဖို့ ဇန်နဝါရီ ၃၀ ရက်မှာ အိုဆန် လေတပ်စခန်းကို ရောက်လာပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အော်စတင်ဟာ ဒေသတွင်း လုံခြုံရေးပတ်ဝန်းကျင် အားကောင်းအောင် ဆက်လက်ကြိုးပမ်းဖို့ ဖိလစ်ပိုင်ကို ဆက်သွားမယ်လို့ ပြောပါတယ်။

အော်စတင်ဟာ အင်္ဂါနေ့က သမ္မတယွန်း၊  တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆပ် တို့နဲ့ ဆွေးနွေးပွဲခဲ့ကြတယ်လို့ ဒုတိယအကြီးတန်း အမေရိကန် ကာကွယ်ရေး အရာရှိတဦးက ပြောကြားခဲ့ပြီး တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ရေး အစီအစဉ်ဟာ မရှိဘူးလို့လည်း ပြောပါတယ်။

အော်စတင်ဟာ ၆ ကြိမ်မြောက် တရားဝင်ခရီးစဉ်အဖြစ် ဆိုးလ်မြို့မှာ တနင်္လာနေ့ နှောင်းပိုင်း အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ပြီးနောက် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးခေါင်းဆောင် အဖွဲ့သစ်တို့နဲ့တွေ့ဖို့ ဖိလစ်ပိုင်နိုင်ငံကိုလည်း သွားမှာဖြစ်ပါတယ်။

“အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံရေး ပတ်ဝန်းကျင်က တနေ့ထက်တနေ့ ပိုရှုပ်ထွေးလာနေတယ်” လို့ တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးရဲ့ ရန်လိုတဲ့အပြုအမူကို ကိုးကားပြီး အမေရိကန် ကာကွယ်ရေး အကြီးတန်းအရာရှိတဦးက ပြောကြားခဲ့ပါတယ်။

1 week Ago
Up