close

ကေအိုင်အေ

close

April 8, 2023

ဖားကန့်တွင် ရေမဆေးကျောက်သမား ၃ ဦးကို ကေအိုင်အေဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာမှာ ရေမဆေးကျောက် ရှာဖွေနေသူ ၆ ယောက်ကို ဧပြီ ၇ ရက် မနက်ပိုင်းမှာ  ကေအိုင်အေက ဝင်ရောက်ဖမ်းဆီးရာ ၃ ယောက်ကထွက်ပြေး လွတ်မြောက်သွားပြီး ၃ ယောက်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက "ရေမဆေးရှာနေတုန်း ဝိုင်းပြီး ဖမ်းတာတဲ့။ ညကြီး သောက်စား ရမ်းကားနေလို့ ဆိုရင်လည်းဖမ်းသွားပါ။ အခုက ကျောက်ရရင်လည်း ၁ သိန်းတန်လောက်ဆိုရင် ၃ သောင်းက အခွန်ဆောင်ရတယ်"လို့ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၉ က ဖမ်းသွားတာလို့ စုံစမ်းသိရပြီး နောက်ထပ် ဘာကြောင့်ဖမ်းတာလဲဆိုတာကိုလည်း မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။ ဒီလို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ကေအိုင်အေဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ဖမ်းဆီးခံရသူ တစ်ယောက်က ကလေးငယ် ၂ ယောက်ရဲ့ ဖခင်ဖြစ်ပြီး သူ့အစ်ကို ၂ယောက်ကလည်း လက်ရှိ ကေအိုင်အေမှာ တာဝန်ထမ်းဆောင်နေတာမို့ ပြန်လွတ်လာဖို့ မိသားစုတွေက မျှော်လင့်နေ ပါတယ်။

4 weeks Ago

ကေအိုင်အေ အရာရှိအချို့အပါအဝင် ၁၁ ဦးကို ထောင်ဒဏ် ၃ နှစ်ချမှတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ Happy KTV မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/ ကေအိုင်အေ) အရာရှိတချို့နဲ့ အရပ်သားပြည်သူတွေအပါအဝင် ၁၁ ဦးကို မြစ်ကြီးနားအကျဥ်းထောင် အထူးတရားရုံးကနေ ဧပြီ ၇ ရက်မှာ ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့ပါတယ်။

မြစ်ကြီးနား အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက  “အရင်က သူတို့က ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်စီချမှတ်ထားတာ။ (ဧပြီ ၇ ရက်) ဒီနေ့က ၅၂(က) အကြမ်းဖက်မှုပုဒ်မကို ထောင်ဒဏ် ၃ နှစ် ထပ်ချတယ်။ စုစုပေါင်း ထောင်ဒဏ် ၅ နှစ်ဖြစ်သွားတာပေါ့။ KTV မှာ ဖမ်းခံရတဲ့သူ အားလုံးကို ထောင်ဒဏ်ချမှတ်တာ” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမပေါ်မှာရှိတဲ့ Happy KTV မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက် မနက် ၅ နာရီဝန်းကျင်က ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ရဲ့ အုပ်ချုပ်ရေး အရာရှိတချို့နဲ့ အရပ်သားတချို့ကို စစ်ကောင်စီတပ်တွေက အင်အား ၃၀ ခန့်နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

စုစုပေါင်း ၁၁ ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခဲ့ပြီးနောက် သူတို့နဲ့ဆက်စပ်နေသူ တွေကိုလည်း လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ ပါတယ်။

4 weeks Ago

April 7, 2023

ကေအိုင်အေနယ်မြေ မိုင်ဂျာယန် (ILAS)ကျောင်း ဘွဲ့နှင်းသဘင် အခမ်းအနား (ဓာတ်ပုံ)

ကေအိုင်အေ ထိန်းချုပ်နယ်မြေဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်၊ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်ထားတဲ့ Institute Of Liberal Arts And Sciences (ILAS) ရဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့နှင်းသဘင်အခမ်းအနားကို  ဧပြီ ၅ ရက်က ကျင်းပပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စုစုပေါင်း ဘွဲ့ယူကျောင်းသား ၁၅၆ ဦးရှိပြီး English program မှ ၆၉ ဦး၊ Diploma in English Program မှ ၃၅ ဦး၊ Diploma in Liberal Arts Studies မှ ၂၉ ဦး ဘွဲ့နှင်းသဘင်တက်ရောက်ခဲ့ပြီး ကျန်သူတွေကိုတော့ အဝေးရောက်ဘွဲ့တွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Photo - ILAS

4 weeks Ago
Up