close

ကံလှရွာ

close

January 15, 2023

ရေးမြို့နယ် ကံလှရွာရှိ ဈေးဆိုင်တဆိုင် ဓားပြတိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ကံလှကျေးရွာက ဈေးဆိုင် တဆိုင် ဇန်နဝါရီ ၁၄ ရက် ညက ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုဂေါင်းကြီး၊ မမိချောတို့ နေအိမ် ဈေးဆိုင်ကို ဓားပြတိုက်ခံခဲ့ရတာဖြစ်ပြီး  ထိုးကြိတ်ရိုက်နှက်တာကြောင့် အိမ်ရှင် ကိုဂေါင်းကြီးကို မော်လမြိုင်ဆေးရုံကို တင်ပို့ထားရသလို ဇနီးဖြစ်သူ မမိချောမှာလည်း ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေရရှိခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

အမည်မသိသေနတ်သမား ၄ ယောက်က ဓားပြတိုက်ခဲ့တာကြောင့် ရွှေ နှစ်ကျပ်သား၊ ဆိုင်ကယ်တစီးနဲ့ ငွေသားအမြောက်အမြား ပါသွားခဲ့တယ်လို့ သိရပါတယ်။

အခုဖြစ်စဥ်အပြီး စစ်တပ်၊ ရဲတွေ ရောက်လာပြီး ဓားပြတိုက်ခံရတဲ့အခြေနေကို စုံစမ်းစစ်ဆေးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့နယ်မှာ ညမထွက်ရ အမိန့်ကို ယနေ့အထိ သတ်မှတ်ထားပြီးတော့ ညဘက်မှာဘယ်သူမှ နေအိမ်ကနေ ညဘက်မှာအပြင်ကိုမထွက်ရဲကြပါဘူး။ 

ပြီးခဲ့တဲ့ရက်က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူတွေထဲမှာ ခိုး၊ ဆိုး၊ လုယက် အများဆုံးပါဝင်ကြပြီး အခုလို ခိုး၊ ဆိုး၊ လုယက်မှုတွေ တနေ့တခြားပိုမိုများပြားလာနေပါတယ်။

13 mins Ago
Up