ချင်းပြည်နယ် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်က ပြည်သူ့ကျောင်းတွေမှာ ပညာသင်ကြားဖို့ စေတနာ့ ဝန်ထမ်း ဆရာ/မတွေကို ဖလမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖိတ်ခေါ်တယ်လို့ သိရပါတယ်။
ဖလမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စိုးမိုးနယ်မြေက ကျောင်းတွေမှာ Grade 1 မှ Grade 11 ထိ အတန်းတွေအတွက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ ဘောဂဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ချင်း တိုင်းရင်းသားစာပေ သင်ကြားနိုင်တဲ့ Volunteer ဆရာ/မ တွေ ကို ဖိတ်ခေါ်ထားတာပါ။
ဖလမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက "ဖလမ်းမြို့နယ် အတွင်း ကျောင်းပေါင်း (၁၃၀) နီးပါးရှိပြီး ကျောင်းသား၊ သူ အရေအတွက် ၈၅၀၀ ကျော်ရှိကာ ဆရာ၊ ဆရာမ လိုအပ်ချက် (၅၀) ကျော် ရှိတယ်လို့ ဆိုပါတယ်။
Volunteer ဆရာ/မတွေအတွက် လုံခြုံရေး၊ ကျန်းမာရေး၊ နေရာထိုင်ခင်းနဲ့ စားရေး သောက်ရေးများကို တာဝန်ယူပါမယ်လို့ ဆိုသလို တချို့ဒေသတွေမှာ ထောက်ပံ့ကြေး ရှိမယ်လို့ သိရပြီး အနည်းဆုံး စာသင်နှစ် တစ်နှစ် သင်ကြားပေးနိုင်ရမှာ ဖြစ်ကာ စိတ်ပါဝင်စားပါက +91 6009767811 (Signal, Viber, Telegram) ဆက်သွယ်ဖို့ ဆိုထားပါတယ်။
ဖလမ်းမြို့ဟာ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်ကာ ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာမြို့ ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ငွေကြေးဖောင်းပွမှုကခန့်မှန်းခြေ ၃၀၀ ရာခိုင်နှုန်း တက်လာပြီးနောက် ဇန်နဝါရီ ၁၆ ရက်က ဗင်နီဇွဲလား မြို့ကြီး ၆ မြို့ထက်မနည်းမှာ ကျောင်းဆရာ၊ ဆရာမတွေ၊ အငြိမ်းစားတွေနဲ့ သမဂ္ဂတွေဟာ လစာတွေ ပိုပြီးကောင်းကောင်းပေးဖို့ အစိုးရကို ချီတက် တောင်းဆိုခဲ့ကြပါတယ်။
မြို့တော် ကာရာကက်စ်မှာ ဆိုင်းဘုတ်တွေကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ “ပြည်သူတွေက ငတ်ပြတ်နေပြီ၊ သူတို့တွေက နားမထောင်ကြဘူး” လို့ အိုးခွက်တွေတီးပြီး ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးကာ အစိုးရရှေ့နေရုံး အဆောက်အအုံကို ချီတက်ခဲ့ကြတာပါ။
ဗင်နီဇွဲလား အစိုးရကျောင်းဆရာတဦးအတွက် အနိမ့်ဆုံး လစဉ်လခဟာ ၁၀ ဒေါ်လာလောက် ဖြစ်ပြီး တက္ကသိုလ်ပါမောက္ခတွေက ဒေါ်လာ ၆၀ နဲ့ ၈၀ ကြား ရရှိကြတာလို့ ကရာကာ့စ် ဆရာများသမဂ္ဂခေါင်းဆောင် ဂရစ်ဆဲလ်ဒါ ဆန်းချက်ဇ်က ပြောပါတယ်။
“ဒီနေ့ခေတ်မှာ ဆရာတွေတင်မကဘဲ ပြည်သူ့ဝန်ထမ်းအားလုံး ရှားပါးမှုအောက်မှာ နေထိုင်နေကြရတာ” လို့ ပြည်သူ့ဝန်ထမ်း ဟိုဆေးကာဒီက ပြောပါတယ်။
သမ္မတနဲ့ သူ့အဖွဲ့က အကောင်းဆုံး စားသောက်ဆိုင်တွေမှာ စားနေတဲ့အချိန်မှာ ပြည်သူတွေက ကြက်ခြေထောက်နဲ့ ကြက်လည်ပင်းကို စားနေရတာဖြစ်ပြီး သူတို့တွေ ဖာရာရီကားစီးပြီး လာ့စ်မာစီဒီးစ် စီးပွားရေးစင်တာတွေ သွားနေချိန်မှာ ပြည်သူတွေက ဘတ်စ်ကားလက်မှတ်ဖိုးတောင် မတတ်နိုင်ကြဘူးလို့ ဆိုပါတယ်။
သမ္မတ နိကိုလပ်စ် မာဒူရိုရဲ့ အစိုးရဟာ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းရာမှာ အသစ်တဖန် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဗင်နီဇွဲလားနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ မနှစ်က ၃၀၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ပြင်ပ စီးပွားရေးပညာရှင်တွေအဖွဲ့က တရားဝင်အချက်အလက် မရရှိဘဲ အညွှန်းကိန်းတွေကို တွက်ချက်ပြီး ပြောဆိုထားပါတယ်။
အစိုးရဟာ မနှစ် မတ်လကတည်းက အစိုးရဝန်ထမ်းတွေရဲ့ လစာကို ညှိနှိုင်းပေးခြင်းမရှိဘဲ ဗင်နီဇွဲလားမှာ ငွေကြေးဖောင်းပွမှုကနေ ရုန်းထွက်နိုင်စေဖို့ အသုံးစရိတ်တွေ လျှော့ချဖို့နဲ့ အခွန်တွေ တိုးကောက်ခံဖို့ တစိတ်တပိုင်း လုပ်ဆောင်ခဲ့တာပါ။
ဒါပေမဲ့ မနှစ်က ဒုတိယနှစ်ဝက်မှာ နိုင်ငံခြားငွေ ဝယ်လိုအားဟာ ဗဟိုဘဏ်ကထုတ်ပေးတဲ့ အပတ်စဉ် ဒေါ်လာထောက်ပံ့မှုထက် ကျော်လွန်သွားခဲ့ပြီးတော့ ဘိုလီဗာ ငွေကြေးတန်ဖိုးက ပိုကျဆင်းသွားပါတယ်။
သီတင်းပတ်ကုန်ချိန်ကတော့ အစိုးရဟာ ခန့်မှန်းတွက်ချက်ထားတဲ့ ငွေလဲနှုန်းအတိုင်း ၂၉ ဒသမ ၈၀ ဒေါ်လာနဲ့ညီမျှတဲ့ ဘောနပ်စ် ဆုကြေးငွေကို ပြည်သူ့ဝန်ထမ်းတွေကို ပေးခဲ့ပါတယ်။