The Last Emperor ရုပ်ရှင်ဇာတ်ကားနဲ့ အော်စကာဆုရရှိခဲ့တဲ့ အီလက်ထရွန်းနစ် ဂီတတေးရေးဆရာ ရိုင်ယုချီဆာကာမိုတိုဟာ ကင်ဆာရောဂါကို ကာလကြာရှည်စွာခံစားရပြီးနောက် မတ် ၂၈ ရက်က ကွယ်လွန်ပါတယ်။
သူဟာ ၂၀၁၄ ခုနှစ်မှာ လည်ချောင်းကင်ဆာလို့ စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ နောက်နှစ်တွေမှာ သူရဲ့ကျန်းမာရေး တိုးတက်ကောင်းမွန်လာတယ်လို့ ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ စအို ကင်ဆာအတွက် ခွဲစိတ်ကုသမှုခံခဲ့ရကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
Yellow Magic Orchestra ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရိုင်ယုချီဆာကာမိုတိုနဲ့ ပတ်သက်ပြီး သူရဲ့ စီမံခန့်ခွဲမှု ကုမ္ပဏီကတော့ “သူက အဆုံးထိ ဂီတနဲ့ နေထိုင်ခဲ့တယ်။ သူရဲ့ လှုပ်ရှားမှုတွေကို အားပေးကြတဲ့ပရိသတ်တွေနဲ့ ဂျပန်နဲ့ အမေရိကန်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူ့ကို ကုသဖို့ အစွမ်းကုန်လုပ်ခဲ့ကြတဲ့ အတွက်ပါ" လို့ ထုတ်ပြန်ကြေညာထားပါတယ်။
၁၉၇၈ မှ ၁၉၈၃ မှာ အယ်ဘမ် ခုနစ်ခွေထွက်ခဲ့ပြီး Yellow Magic Orchestra အဖွဲ့ဝင်တွေနဲ့ တစ်ကိုယ်တော်လက်ရာတွေဟာ အင်္ဂလန်နဲ့ အမေရိကန်မှာ ဩဇာလွှမ်းမိုးနိုင်ခဲ့ပြီး သူဟာ ၁၉၈၃ ခုနှစ်က "Merry Christmas Mr Lawrence" မှာ ဒေးဗစ်ဘိုဝီနဲ့ အတူတွဲဖက်သရုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာကြယ်ပွင့်ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာ သူဟာဒေးဗစ် ဘရိုင်နီ၊ တရုတ်စာရေးဆရာ ချောင်စုနဲ့ ဘာနာဒို ဘာတိုလူစီ တို့နဲ့အတူ မျှဝေခဲ့ တဲ့ The Last Emperor ရုပ်ရှင်အတွက် အကယ်ဒမီဆု ရရှိခဲ့ပြီး၊ သူတို့သုံးယောက်ဟာ ဂရမ်မီဆုကိုလည်းရရှိခဲ့ဖူးပါတယ်။
Source - Variety
Photo - Daily Mail
နာမည်ကြီး တီဗွီရှိုး The Wire မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၆၀ အရွယ် မင်းသား လန်စီ ရက်ဒစ်ဟာ စတူဒီယိုစီးတီး ဧရိယာက သူရဲ့ နေအိမ်မှာ သေဆုံးနေတာ တွေ့ရှိရတယ်လို့ မတ် ၁၇ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။
လူသိများတဲ့ မင်းသား ရက်ဒစ်ဟာ သောကြာနေ့မနက်မှာ သဘာဝအကြောင်းတရားကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
The Wire ပြီးနောက် John Wick မှာ နယူးယော့ခ် ဟိုတယ်က သင်းအုပ်ဆရာ Charon အဖြစ် သရုပ်ဆောင်ခဲ့ပြီး Reeves နဲ့ John Wick ဒါရိုက်တာ Chad Stahelski တို့က သူတို့ရဲ့ သရုပ်ဆောင်အဖွဲ့ဝင် ဆုံးရှုံးခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောပါတယ်။
"ငါတို့ရဲ့ ချစ်လှစွာသော လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးရတဲ့အတွက် ငါတို့အရမ်းဝမ်းနည်းကြေကွဲရပါတယ်။ သူက အလွန်ကျွမ်းကျင်တဲ့ ပညာရှင်တယောက်ဖြစ်ပြီး အလုပ်တွဲလုပ်ကြတာ ပျော်ပါတယ်။"
The Wire စတား Pierce က "ကြီးကျယ်တဲ့ ခွန်အားနဲ့ ရုဏ်ကျက်သရေရှိပြီး လူတွေရဲ့ စံနမူနာရှိသင့်တဲ့ လူပါ" လို့ တွစ်တာကနေ ဂုဏ်ပြုခဲ့ပါတယ်။
“ရက်ဒစ်ရဲ့ သေဆုံးမှုဟာ ငါတို့အနုပညာ မိသားစုအတွက် မထင်မှတ်ဘဲ ပြင်းထန်တဲ့ နာကျင်ဝမ်းနည်းမှု တခုပဲ။ သူရဲ့ မိသားစုနဲ့ ချစ်ရသူတွေအတွက် မခန့်မှန်းနိုင်တဲ့ ဒုက္ခတခုပါ။ The Wire ကို ပြန်ကြည့်ဖို့ လမ်းတဝက်ရောက်နေပြီ" လို့ Horror စာရေးဆရာ Stephen King က တွစ်တာကနေ ရေးသားခဲ့ပါတယ်။
HBO ရဲ့ ကော်ပိုရိတ် အကောင့်ကလည်း “ရက်ဒစ် နဲ့ အတူ အလုပ်လုပ်ဖူးသူတိုင်းက သူ့ကိုအလေးအမြတ်ထားပြီး၊ သူရဲ့ အမွေအနှစ် တစိတ်တပိုင်းဖြစ်ရတာ ဂုဏ်ယူပါတယ်။ သူ့ကို အလွန်လွမ်းဆွတ်နေမှာပါ" လို့ ရေးသားခဲ့ပါတယ်။
ရက်ဒစ်ဟာ ၂၀၀၀ ခုနှစ်မှာ HBO အကျဉ်းထောင် ဒရာမာ "OZ" မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်နေတဲ့ လျှို့ဝှက် စုံထောက်တဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး The Wire မှာ ပါဝင်သရုပ်ဆောင်ပြီးနောက် လူသိများလာခဲ့ပါတယ်။