close

ဂါနာချို

close

February 21, 2023

မန်ယူနှင့် ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် လူငယ်ကြယ်ပွင့် ဂါနာချို သဘောတူ

မန်ယူလူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဂါနာချိုဟာအသင်းနဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကစားသမားဖြစ်သူရဲ့ ပုံရိပ်အသုံးပြုခွင့်နဲ့ ပတ်သက်တာ တစ်ခုသာ အပြီးသတ်ဆွေးနွေးနေပြီး မကြာခင်မှာ တရားဝင်စာချုပ်ချုပ်ဆိုနိုင်မယ်လို့ ESPN သတင်း မှာဖော်ပြပါတယ်။

အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အာဂျင်တီးနားကစားသမားဟာ အခုနှစ်ရာသီမှာ ယူနိုက်တက်အတွက် စုစုပေါင်း ၂၅ ပွဲအထိကစားခဲ့ပြီး ၃ ဂိုးသွင်းယူခဲ့ပါတယ်။

စာချုပ်သစ်အရ လုပ်ခလစာလည်းတိုးမြင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဂါနာချိုဟာ ၂၀၂၀ ပြည့်နှစ်က စပိန်ကလပ် အက်သလက်တီကိုလူငယ်အသင်းကနေ မန်ယူအသင်းက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

1 hour Ago

November 19, 2022

မန်ယူလူငယ်ကြယ်ပွင့် ဂါနာချို စပိန်လက်ရွေးစင်ကိုယ်စားပြုကစားခွင့်ရှိ

မန်ယူနိုက်တက် အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုဟာ စပိန်အသင်းကိုလည်း ကိုယ်စား ပြု ကစားခွင့်ရှိနေပါတယ်။

အသက် ၁၈ နှစ်ပဲရှိသေးတဲ့ မန်ယူအကယ်ဒမီထွက်ကစားသမားဟာ ယူနိုက်တက်နဲ့ နောက်ဆုံး ၄ ပွဲဆက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး  ၂ ဂိုးသွင်း ၂ ဂိုးဖန်တီးမှုပြုလုပ်ခဲ့သူပါ။

သူ့ရဲ့ မိခင်က အာဂျင်တီးနာလူမျိုးဖြစ်လို့ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရဖူးပေမယ့် အသုံးပြုခြင်းမခံခဲ့သလို ကမ္ဘာ့ဖလားအတွက် အာဂျင်တီးနားလူစာရင်းမှာလလည်း  ဂါနာချို ချန်လှပ်ခံ ခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီရွေးချယ်ခံကစားသမား ၂၆ ဦးထဲမှာ တိုက်စစ်ကစားသမားနှစ်ဦးဖြစ်ကြတဲ့ အိန်ဂျယ်ကော်ရီယာနဲ့ သီယာဂိုအယ်လ်မေးဒါးတို့က ဒဏ်ရာပြဿနာကြောင့် လူစာရင်းကနေ နုတ် ထွက်ခဲ့ရပါတယ်။

ဂါနာချိုဟာ  မက်ဒရစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်လို့ စပိန်နိုင်ငံကိုယ်စားပြုကစားခွင့်လည်းရှိပြီး ကမ္ဘာ့ဖလားအပြီးမှာ ဆုံးဖြတ်ချက်ချဖို့ ရှိနေပါတယ်။ 

3 months Ago
Up