close

ဂါရတ်ဘေးလ်

close

June 27, 2022

အမေရိကန် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်သို့ ဂါရတ်ဘေးလ် ပြောင်းရွှေ့

ဝေးလ်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ဟာ အမေရိကန်မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းဆီကို ပြောင်းရွှေ့သွားပါတယ်။

ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်  ပျောက်ဆုံးခဲ့တဲ့ ဘေးလ်ဟာ စာချုပ်သက်တမ်းလည်းကုန်ဆုံးခဲ့တာကြောင့် လော့စ်အိန်ဂျလိစ်အသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။

ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာတုန်းက တစ်ပတ်လုပ်ခပေါင် ၆ သိန်းလောက်အထိရရှိခဲ့ပေမယ့် အသင်းသစ်လော့စ်အိန်ဂျလိစ်မှာတော့ လုပ်ခလျှော့ယူသွားရမှာ ဖြစ်ပါတယ်။

ကနဦးတုန်းက မွေးရပ်မြေကလပ် ကာဒစ်အသင်းနဲ့ သတင်းထွက်ခဲ့ပေမယ့် မေဂျာလိဂ်ကို သွားကစားဖို့ပဲဆုံးဖြတ်ခဲ့တာပါ။

ဂါရတ်ဘေးလ်ဟာ ဝေးလ်အသင်းကို ၆၄ နှစ် အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

မေဂျာလိဂ်ပြိုင်ပွဲအတွေ့အကြုံသစ်က အခုလနှောင်းပိုင်းမှာ ကမ္ဘာ့ဖလားကစားရမယ့် ဝေးလ်အသင်းအတွက်လည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

7 months Ago

June 23, 2022

ချန်ပီယံရှစ်ကလပ် ကာဒစ်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် ဂါရတ်ဘေးလ် ဆွေးနွေး

ဝေးလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ချန်ပီယံရှစ်ကလပ် ကာဒစ်စီးတီးအသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

ဂါရတ်ဘေးလ်ဟာ ဇွန် ၂၂ ရက်က ကာဒစ်အသင်း လေ့ကျင့်ရေးကွင်းဆီ ရောက်ရှိလာခဲ့ပြီး ဝေးလ်အသင်းရဲ့ ဆေးဝန်ထမ်းတဦးနဲ့ ကုသမှုတခု ခံယူခဲ့သလို ကာဒစ်နည်းပြ မော်ရစ်ဆင်နဲ့လည်း ဆွေးနွေးခဲ့ပြီး အပြောင်းအရွှေ့ကိစ္စလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကာဒစ်စီးတီးဟာ ဂါရတ်ဘေးလ်ရဲ့ ဇာတိမြို့ဖြစ်ပြီး သူ့မိဘတွေရဲ့ နေအိမ်လည်း ရှိပါတယ်။

သတင်းတချို့ကတော့ ကာဒစ်နည်းပြ မော်ရစ်ဆင်ဟာ ဘေးလ်နဲ့ အသင်းဖော်တွေဖြစ်ခဲ့ဖူးလို့ စကားပြောဆိုခဲ့တာဖြစ်သလို ကာဒစ်ကွင်းဟာ ဝေးလ်အသင်းရဲ့ အိမ်ကွင်းလည်း ဖြစ်တာကြောင့် ရောက်လာခဲ့တာလို့ ဆိုကြပါတယ်။

အသက် ၃၂ နှစ်ရှိ ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် လာမယ့် ကမ္ဘာ့ဖလားမှာ ဝေးလ်အသင်းကို ဦးဆောင်ဖို့အတွက် အသင်းသစ်ရှာဖွေသွားရမှာ ဖြစ်ပါတယ်။

7 months Ago
Up