close

ငြိမ်းချမ်းရေး

close

February 25, 2023

စစ်တိုက်သည့်နိုင်ငံသာ ငြိမ်းချမ်းရေး စတင်ဆောင်ရွက်ရမည်ဟု ဇလန်းစကီးပြော

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်ပွဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်ရဲ့ အဆိုပြုချက်တချို့ကို ကြိုဆိုပေမယ့် စစ်တိုက်နေရတဲ့ နိုင်ငံကသာ ငြိမ်းချမ်းရေးအစီအစဥ်ကို စတင်ဆောင်ရွက်သူဖြစ်ရမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးက ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

ကိယက်ဗ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဇီလန်စကီးက  ဒါဟာ "ဒီအကြောင်း အရာမှာ သူတို့ ပါဝင်ဆောင်ရွက်မယ့် အရေးကြီးတဲ့ အချက်ပြမှုတခုပါပဲ" လို့ ငြိမ်းချမ်းရေး အတွက် တရုတ်ရဲ့ကမ်းလှမ်းမှုကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။ 

ဇီလန်စကီးဟာ ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်က ခိုင်မာတဲ့ အစီအစဉ်ကို မကမ်းလှမ်းဘဲ တချို့အတွေးအမြင်တွေကိုသာ ကမ်းလှမ်းတာလို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပြီး မော်စကို အား လက်နက်တွေ မပေးဖို့လည်း ပေကျင်းကို သတိပေးခဲ့ပါတယ်။ 

“ရုရှားကို တရုတ်က လက်နက်တွေ ထောက်ပံ့မှာ မဟုတ်ဘူးလို့ တကယ်ကို ယုံကြည်ချင်ကြောင်းနဲ့ ဒါဟာ သူ့အတွက် အရမ်းအရေးကြီးကြောင်း” ဇီလန်စကီးက ရုရှားရဲ့ အလုံးစုံကျူးကျော်စစ် ဆင်နွှဲတဲ့ ပထမဆုံး နှစ်ပတ်လည်နေ့မှာ ပြောကြားလိုက်ပါတယ်။ 

ရုရှားတပ်တွေ အပြည့်အ၀ ဆုတ်ခွာမှု မပါဝင်တဲ့ ဘယ်အစီအစဉ်ကိုမှ ကိယက်ဗ်က လက်မခံနိုင်ကြောင်း ယူကရိန်းခေါင်းဆောင်က ပြောပါတယ်။ 

သူဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ဘယ်တော့ တွေ့ဆုံ ဖြစ်မယ်ဆိုတာကိုတော့ မပြောကြားပါဘူး။  

4 weeks Ago

February 5, 2023

ငြိမ်းချမ်းရေးအတွက် ပါကစ္စတန်တွင် ချီတက် တောင်းဆို

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့မှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ဗလီ ပေါက်ကွဲမှုဖြစ်ပြီး ၄ ရက်အကြာ ဖေဖော်ဝါရီ ၃ ရက်က ရာနဲ့ချီတဲ့ လူတွေဟာ ငြိမ်းချမ်းရေးကို တောင်းဆိုတဲ့ ချီတက်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ 

အဲဒီလူထုစုဝေးချီတက်ပွဲကို ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းရဲ့ ပီတီအိုင်ပါတီက စီစဉ်တာဖြစ်ပြီး အဖြူရောင်အလံတွေနဲ့ ပါကစ္စတန်အလံတွေကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ “ငြိမ်းချမ်းရေးကို လိုလားသည်”၊ “KP ရဲတပ်ဖွဲ့ အဓွန့်ရှည်ပါစေ” စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ရွတ်ဆို ကြပါတယ်။ 

အကြမ်းဖက်မှု ဖြစ်စဉ်တိုင်းက ခိုက်ဘာပက်ရှ်တွန်ခွာ ပြည်နယ်အပေါ် သက်ရောက်မှုရှိပြီး အများစုက ကိုယ့်ပြည်သူတွေပဲ သေဆုံးနေကြရတာလို့ ဆန္ဒပြသူ မဲဝါ့ရှ် အလီခန်းက ပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းက တပ်မတော် ပြည်သူ့ကျောင်းက ကလေးငယ်တွေ ပထမဆုံးအကြိမ် အသတ်ခံရခဲ့ရပြီး ခုတခါ ရဲတွေ အသတ်ခံနေရပြန်ပြီလို့ ဆိုပါတယ်။ ပါကစ္စတန်ရဲ့ နိုင်ငံရေးနဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ ဖေဖော်ဝါရီ ၃ ရက်က ပက်ရှဝါမှာ တွေ့ဆုံခဲ့ကြပြီး တုံ့ပြန်ဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

ဇန်န၀ါရီ ၃၀ ရက်က ပက်ရှ်ဝါမြို့ ရဲဌာနဝင်း ဗလီမှာ ဝတ်ပြုချိန်အတွင်း အသေခံ ဗုံးဖောက်ခွဲခဲ့တာကြောင့် တောင်အာရှမှာ စစ်သွေးကြွတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်း ဝင်သွားပါတယ်။ 

ပါကစ္စတန် အာဏာပိုင်တွေကတော့ ဒီဗုံးဖောက်ခွဲမှုကို အမေရိကန်မှ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ဂျမတ်အူလ်အာရာ စစ်သွေးကြွအဖွဲ့ကို အပြစ်တင်ခဲ့ပါတယ်။ 

2 months Ago
Up