close

စာအုပ်စျေးပွဲ

close

May 6, 2023

မြစ်ကြီးနားတွင် စာအုပ်စျေးပွဲ ပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အထက ၁ ကျောင်း ဘက်ခြမ်းမှာ ဧပြီ ၂၉ က စတင်ပြီး  မေလ ၈ ရက်ထိ စာအုပ်စျေးတန်းဖွင့်လှစ် ရောင်းချနေပါတယ်။

စာအုပ်တန်းမှာ သုတ၊ ရသ၊ ပုံပြင်၊ ဥပဒေ၊ ပညာရေး၊ ဘာသာရေး စာအုပ်တွေကို စာရေးဆရာ အကြီးကိုကို (ကသာ)နဲ့ ရန်ကုန်က စာအုပ်တိုက်တွေ အတူ စုပေါင်းရောင်းချနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

စာအုပ်စျေးတန်းမှာ ရောင်းချနေသူတဦးက “၈ ရက်နေ့အထိပါ။ စာအုပ်အစုံ ရောင်းကောင်းပါတယ်။ မနက် ၈ နာရီကနေ ည ၆ နာရီထိ ရောင်းပေးတာဆိုတော့ လာဝယ်ရသူတွေအတွက်လည်း အဆင်ပြေကြတာပေါ့” လို့ ပြောပါတယ်။

စာပေဝါသနာရှင်တွေလည်း နေ့တိုင်း ဝင်ရောက်ရှာဖွေမွှေနောက်နေကြတာမို့ စာအုပ်တွေကို ပြန်မှာရတာတွေ ရှိကြောင်းလည်း သိရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုတွေအတွက် စာအုပ်တွေနဲ့ ကုစားဖို့ အပြောင်းအလဲတခုဖြစ်တာမို့ စာအုပ်လေးတွေကို ကြုံရင် ဝင်ကြည့် ကြိုက်ရင်ဝယ် ဖြစ်တယ်လို့ လူငယ်တဦးက ပြောပါတယ်။

မဲခေါင်စာပေဆု၊ ပခုက္ကူဦးအုန်းဖေစာပေဆုတွေလို ဆုတွေကို ဆွတ်ခူးထားပြီး စာကြည့်တိုက်တွေကို ဖွင့်ထားသူ စာရေးဆရာ အကြီးကိုကို (ကသာ) ကိုယ်တိုင် နန်းတော်ဝင် စာအုပ်ဆိုင်မှာ အားတက်သရော ရောင်းချပေးနေတာကိုလည်း တွေ့ရပါတယ်။

စာအုပ်ဈေးပွဲမှာ ကြိတ်ကြိတ်တိုး စည်ကားနေတာမျိုး မဟုတ်ပေမဲ့ နေ့စဥ် ဝယ်ယူသူတွေ ရှိနေကြောင်းလည်း မြို့ခံတွေထံက သိရပါတယ်။

7 mins Ago
Up