close

စံချိန်သစ်

close

January 23, 2023

၁၉ ပွဲကစားပြီး ဟတ်ထရစ် ၄ ကြိမ်ရရှိတဲ့ ကစားသမားအဖြစ် ဟာလန်း စံချိန်သစ်တင်

မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ ပရီးမီးယားလိဂ် ၁၉ ပွဲကစားရုံနဲ့ ဟတ်ထရစ် ၄ ကြိမ်ရရှိခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဟာလန်းဟာ မနေ့က ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၃ ဂိုးစလုံးသွင်းယူခဲ့ပြီး ၄ ကြိမ်မြောက် ဟတ်ထရစ်သုံးဂိုးသွင်းယူနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲစဉ် ၆၅ ပွဲ ကစားပြီးမှပဲ ဟတ်ထရစ် ၄ ကြိမ်ရရှိခဲ့ဖူးပြီး အဲဒီကစားသမားက မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းပါ။

အဲဒီနောက်မှာ လူးဝစ်ဆွာရက်ဇ်က ၈၁ ပွဲ ကစားပြီး ဟတ်ထရစ် ၄ ကြိမ်၊ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး တိုက်စစ်မှူးအလန်ရှီးယားက ၈၆ ပွဲကစားပြီး ဟတ်ထရစ် ၄ ကြိမ်ရခဲ့တာပါ။

ဟာလန်းဟာ ပရီးမီးယား လိဂ်ပွဲစဉ် ၁၉ ပွဲအပြီးမှာ သွင်းဂိုး ၂၅ ဂိုးသွင်းထားပြီး ပရီးမီးယားလိဂ်အသင်း ၉ သင်းက သွင်းယူထားတဲ့ စုစုပေါင်းသွင်းဂိုးအရေအတွက်ထက်လည်း များနေတာပါ။

ပရီးမီးယားလိဂ်မှာ ဟတ်ထရစ်သွင်းဂိုးအများဆုံးကစားသမားက အဂွဲရိုးဖြစ်ပြီး ၁၂ ကြိမ် ဟတ်ထရစ်ရထားတာပါ။

လက်ရှိ ကစားသမားတွေထဲမှာတော့ ဟယ်ရီကိန်းက ဟတ်ထရစ် ၈ ကြိမ်နဲ့ ပရီးမီးယားလိဂ်မှာ အများဆုံး ဟတ်ထရစ်အရေအတွက်ဖြစ်ပါတယ်။

1 month Ago

January 21, 2021

ဘောလုံးသမိုင်းတွင် ဂိုးအများဆုံးသွင်းသည့် ကစားသမားအဖြစ် စီရော်နယ်ဒို စံချိန်သစ်တင်

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ နာပိုလီနဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ဘောလုံး သမိုင်းမှာ သွင်းဂိုးပေါင်း ၇၆၀ နဲ့  ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာပါတယ်။ သူ့အရင်က ချက်-သြစတြီးယားတိုက်စစ်မှူးဟောင်း ဂျိုးဆက်ဘစ်ကမ်က ကစားသမားဘဝတစ်လျှောက် ၇၅၉ ဂိုးသွင်းပြီး သမိုင်းတစ်လျှောက် ဂိုး အများ ဆုံးကစားသမားအဖြစ်စံချိန်တင်ထားခဲ့တာပါ။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက ဂိုးအများဆုံးစံချိန်ကို လိုက်မီခဲ့တာ ဖြစ်ပြီး နာပိုလီနဲ့ပွဲက သွင်းဂိုးက ကစားသမားဘဝတစ်လျှောက် ၇၆၀ မြောက်ဂိုးဖြစ်ခဲ့တာပါ။  အသက် ၃၅ နှစ်ရှိ ရော်နယ်ဒိုဟာ နာပိုလီနဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းခဲ့တာဖြစ်ပြီး မိုရာတာက ဒုတိယဦးဆောင်ဂိုးထပ်သွင်းခဲ့ကာ  အီတလီစူပါဖလားချန်ပီယံဆုဖလားလည်း ရယူနိုင်ခဲ့ပါတယ်။  သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားစာရင်းမှာ ရော်နယ်ဒိုက သွင်းဂိုး ၇၆၀ နဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နေပြီး ဘစ်ကမ်က အဆင့်၂ ၊ ပီလီက ၇၅၇ ဂိုးနဲ့ အဆင့် ၃ မှာရပ်တည်ပါတယ်။  လက်ရှိကစားသမားတွေထဲမှာတော့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ၇၄၂ ဂိုးနဲ့ အဆင့် ၄ မှာရပ်တည်နေပြီး ရော်နယ်ဒိုရဲ့ ၇၆၀ ဂိုးကို မီဖို့ ၁၈ ဂိုး လိုအပ်နေသေးတာဖြစ်ပါတယ်။ 
2 years Ago
Up