close

စွမ်းအင်ကုန်ကျစရိတ်

close

January 27, 2023

စွမ်းအင်ကုန်ကျစရိတ် ထပ်မြင့်မည်ကို တောင်ကိုရီးယားပြည်သူများ စိုးရိမ်

တောင်ကိုရီးယားနိုင်ငံမှာ အေးခဲနေတဲ့ ဆောင်းရာသီ ဆက်ရှိနေတာကြောင့် စွမ်းအင်ကုန်ကျ စရိတ်တွေ ထပ်ပြီးမြင့်တက်လာတဲ့အပေါ် တောင်ကိုရီးယားပြည်သူတွေက စိုးရိမ်ပူပန်ကြောင်း ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြောခဲ့ကြပါတယ်။ 

ဆိုးလ်မြို့ဒေသခံ လင်မ်ဂျောင်ချောက "ကျနော်တို့ရဲ့ အပူပေးစရိတ်ဟာ မနှစ်ကထက် ၅၀ ရာခိုင်နှုန်း တက်လာတယ်" လို့ဆိုပြီး ပုံသေဝင်ငွေ ရရှိကြတဲ့ သူနဲ့သူ့ဇနီးဟာ အပြင်ထွက်စားတဲ့ ကုန်ကျ စရိတ်တွေကို လျှော့ချဖို့ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။ 

အသေးစားကုန်မာပစ္စည်း ဆိုင်ပိုင်ရှင် အသက် ၇၆ နှစ်အရွယ် ဘန်မြောင်စွန်းကလည်း သူ့ဆိုင်ခန်းနဲ့ နေအိမ်ရဲ့ အပူပေးစနစ် ကုန်ကျစရိတ်တွေ မြင့်တက်လာတဲ့အပေါ်မှာ အံ့အားသင့်ရသလို ဒီကုန်ကျစရိတ်တွေ သက်သာစေဖို့ ဖောင်းပွအနွေးထည်ကိုတောင် အိမ်ထဲမှာ ဝတ်ထားရတယ်လို့ ဆိုပါတယ်။ 

ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအတွက် ရှည်ကြာလှတဲ့ အအေးလှိုင်းကာလအတွင်း တဖြည်းဖြည်း မြင့်တက်လာတဲ့ အပူပေးစရိတ်တွေကို ကူညီဖြေရှင်းပေးမယ့် အစီအစဉ်ကို တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ချွိုင်ဆန်းမော့ခ်က ဇန်နဝါရီ ၂၆ ရက်စောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

အစိုးရဟာ နွမ်းပါးပြည်သူတွေအတွက် စွမ်းအင်အသုံးစရိတ် ပေးချေမှုအကူအညီကို ၂ ဆတိုးပြီး ဓာတ်ငွေ့စျေးနှုန်းကို လျှော့စျေးချပေးမယ့် အစီအစဉ်ကို တိုးချဲ့ပေးမယ်လို့ ဆိုပါတယ်။ 

၂၀၂၁ ခုနှစ်ကတည်းက တကမ္ဘာလုံးမှာ သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေ ဆယ်ဆနီးပါး မြင့်တက်လာတာကြောင့် မီတာဘေလ် တိုးမြှင့်ကောက်ခံရခြင်းကို ရှောင်လွှဲမရနိုင်ကြောင်းလည်း ဝန်ကြီးချွိုင်က ပြောပါတယ်။ 

မိုးလေဝသအေဂျင်စီက ဇန်နဝါရီ ၂၆ ရက်အတွင်း ဆိုးလ်မြို့ဧရိယာ အပါအဝင် အရှေ့ပိုင်း နဲ့ အလယ်ပိုင်း ဒေသအချို့ မှာ ဆီနှင်းထူထပ်စွာ ကျရောက်မယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အနည်းဆုံးလေကြောင်းခရီးစဉ် ၅ ခုကို ဖျက်သိမ်းခဲ့ရသလို အမျိုးသားဥယျာဉ် အများအပြားကိုလည်း ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ ပိတ်လိုက်ရတယ်လို့ တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာန အရ သိရပါတယ်။ 

8 mins Ago

September 7, 2022

ဗြိတိန်ဝန်ကြီးချုပ်သစ် ထရပ်စ် စွမ်းအင်ပြဿနာ ကိုင်တွယ်ဖြေရှင်းမည်ဟု ကတိပြု

ဗြိတိန်နိုင်ငံက ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် မာရီ အဲလိဇဘက် ထရပ်စ်ဟာ စက်တင်ဘာ ၆ ရက်မှာ  ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ 

စွမ်းအင်အတွက် ကုန်ကျစရိတ် မြင့်တက်လာခြင်း၊ စီးပွားရေး ဆုတ်ယုတ်ကျဆင်းခြင်းနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ပဋိပက္ခတွေ မြင့်တက်လာခြင်းကြောင့် စစ်ပြီးခေတ်သမိုင်းမှာ ခေါင်းဆောင်တဦးအတွက် အကြောက်ဆုံးသော စိန်ခေါ်မှုများထဲမှ တခုကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းဖို့ ကတိပြုခဲ့ပါတယ်။

ထရပ်စ်ဟာ နိုင်ငံတွင်း လူနေမှုစရိတ် အကျပ်အတည်း၊ စွမ်းအင်ပြဿနာ နက်ရှိုင်းလာတာကို ကိုင်တွယ်ရာမှာ အရေးယူ ဆောင်ရွက်ဖို့နဲ့ အခွန်လျှော့ချ ဖြတ်တောက်ဖို့ စက်တင်ဘာ ၅ ရက်က ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံအပြီးမှာ ကတိပြုခဲ့ပါတယ်။

အရှုပ်တော်ပုံတွေကြောင့် ဖယ်ရှားခံခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ရဲ့ နောက်မှာ သက်တမ်း ၆ နှစ် တာဝန်ထမ်းဆောင်ရမယ့် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံခဲ့တာပါ။

စတုတ္ထမြောက် ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် ထရပ်စ်ဟာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုနဲ့ COVID-19 ကပ်ရောဂါကြောင့် ဆိုးရွားပြင်းထန်တဲ့ ကမ္ဘာလုံးဆိုင်ရာ လေဆန်ခရီးကို အသိအမှတ်ပြုခဲ့ပါတယ်။

ထရပ်စ်ဟာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်မခံရခင်က နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ပြီး ၂၀၁၉ ခုနှစ်တည်းက အမျိုးသမီးရေးနဲ့ တန်းတူညီမျှရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

5 months Ago
Up