ကိုလံဘီယာနိုင်ငံမှာ သမ္မတ ဂတ်စ်တာဗိုပေထရိုရဲ့ အခွန်ပြုပြင်ပြောင်းလဲမှု အဆိုပြုချက်ကို ကန့်ကွက်ဖို့ အောက်တိုဘာ ၂၉ ရက်က မြို့တော် ဘိုဂိုတာက လမ်းတွေပေါ်မှာ ကိုလံဘီယာနိုင်ငံသား ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။
“ကြီးမြတ်တဲ့ အမျိုးသားရေး ချီတက်ပွဲဆိုတဲ့” ဆောင်ပုဒ်အောက်မှာ ကိုလံဘီယာအလံကို ပခုံးတစ်ဝိုက်မှာ တပ်ဆင်ထားပြီး အမျိုးသား ဘောလုံးအင်္ကျီကို ဝတ်ထားတဲ့ လူတွေဟာ ပေထရို ပြုပြင်ပြောင်းလဲရေး မူဝါဒကို ကန့်ကွက်ရှုတ်ချဖို့ ချီတက်ခဲ့ကြပါတယ်။
ဗင်နီဇွဲလား ဒါမှမဟုတ် ဂျူးတွေလို ကိုလံဘီယာနိုင်ငံသားတွေ နိုင်ငံတွင်းကနေ ထွက်သွားနိုင်လို့ ပေထရိုရဲ့ အစီအစဉ်တွေကြောင့် စီးပွားရေးနှေးကွေးမှာ စိုးရိမ်တယ်လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
ရေနံနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ အခွန်တိုးကောက်တာ အပါအဝင် ပေထရိုရဲ့ အခွန်ပြုပြင်ပြောင်းလဲမှုမှာ နောက်ထပ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၇ ဘီလီယံလောက် စုဖို့ ရည်မှန်းထားပါတယ်။
ဒါဟာ ဥပဒေဖြစ်လာပြီး လာမယ့်နှစ်မှာ အသက်မဝင်ခင် အထက်လွှတ်တော်နဲ့ အောက် လွှတ်တော်တို့မှာ နောက်ထပ် အချေအတင်ဆွေးနွေးပွဲနှစ်ခုကို ဆက်လက်လုပ်ရမှာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ လက်ဝဲယိမ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ELN) လို လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်ထူထောင်ရေး အပါအဝင် ပေထရိုရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ပါတယ်။
ပေထရိုရဲ့ အစီအစဉ်တွေဟာ မကြာသေးခင်သီတင်းပတ်တွေအတွင်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်ခဲ့ပြီး ကိုလံဘီယာပီဆို ငွေကြေးတန်ဖိုးကျဆင်းသွားခဲ့ပါတယ်။
အခုနှစ်သြဂုတ်လမှာ ပေထရို အာဏာရလာကတည်းက ကိုလံဘီယာအစိုးရကို ဆန့်ကျင်တဲ့ တတိယမြောက် ချီတက်ပွဲလည်း ဖြစ်ပါတယ်။
“ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတခု ဇူလိုင် ၅ ရက် က ပြုလုပ်ခဲ့ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ်လူငယ် (YNS)၊ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ထဝအကသ) တို့နဲ့ ပူးပေါင်းပြီး လှုပ်ရှားခဲ့တာဖြစ်ပါတယ်။
Photo - AAMIJ