close

ဆောက်ဂိတ်

close

March 17, 2023

တိုက်စစ်မှူးတိုနေး အင်္ဂလန်အသင်းတွင်ပါဝင်ရန် ထိုက်တန်ဟု နည်းပြ ​ဆောက်ဂိတ်ချီးကျူး

ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါဝင်ဖို့ ထိုက်တန်ကြောင်း နည်းပြဆောက်ဂိတ်ကချီးကျူးပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ လာမယ့်ယူရိုခြေစစ်ပွဲစဉ်တွေအတွက် ကစားသမား ၂၅ ဦး စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ လက်ရွေးစင်အတွက် တစ်ပွဲမှ မကစားဖူး သေးတဲ့ ဘရန်ဖို့ဒ်တိုက်စစ်မှူး တိုနေးကို ရွေးချယ်ခဲ့တာပါ။ 

တိုးနေဟာ လောင်းကစားစည်းမျဉ်းတွေ  ချိုးဖောက်မှုကြောင့် အရေးယူခံထားရပေမဲ့ တရားရုံးမှာ ကြားနာစစ်ဆေးမှု မလုပ်ရသေးသလို မိခင်ကလပ်အသင်း ဘရန့်ဖို့ဒ်အသင်းက တောင်အသုံးပြုနေဆဲဖြစ်လို့ လက်ရွေးစင်မှာရွေး ချယ်ခဲ့တာလို့ ဆောက်ဂိတ်က ပြောပါတယ်။

ဒါ့အပြင် တိုနေးဟာ တစ်ရာသီလုံးမှာ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းနိုင်ခဲ့ပြီး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးဖြစ်လို့ သူ့ရဲ့အခွင့်အရေးဟာ အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။

အင်္ဂလန်အသင်းလူစာရင်းမှာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားလူစာရင်းကနေ ၅ ဦးပဲ အပြောင်းအလဲရှိခဲ့ပြီး  အာနိုးလ်၊ ဘန်ဝိူက်၊ ကိုအာဒီ၊ ဝီလ်ဆင်နဲ့ ဒဏ်ရာရှိနေတဲ့ စတာလင်တို့ ပါဝင်ခြင်းမရှိပါဘူး။ 

1 week Ago

January 27, 2023

ခြေစွမ်းတိုးတက်မှုရှိသဖြင့် အင်္ဂလန်နည်းပြရာထူး ဆက်ပြီးယူခဲ့ခြင်းဖြစ်ဟု ဆောက်ဂိတ်ရှင်းလင်း

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းတိုးတက်မှုတွေရှိခဲ့တာကြောင့် နည်းပြချုပ်ရာထူး ဆက်ယူခဲ့တာဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်ကပြောပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

နည်းပြဆောက်ဂိတ်ရဲ့ အရည်အချင်းအပေါ် ဝေဖန်မှုတချို့ရှိခဲ့ပေမဲ့ ခြေစွမ်းတိုးတက် လာမှုတွေကြောင့် အင်္ဂလန်နည်းပြတာဝန်ကိုဆက်ယူခဲ့တာလို့ ဆောက်ဂိတ်ကပြောပါတယ်။

“အရည်အသွေးရှိတဲ့ခြေစွမ်းနဲ့ တိုးတက်မှုတွေရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ အသင်းကဆက်ပြီးတိုး တက်လာဦးမှာပါ။ ကျနော်တို့ လုပ်ဆောင်နေတဲ့အပေါ်မှာလည်း အားလုံးက ယုံကြည်မူရှိကြတယ်”လို့ နည်းပြဆောက်ဂိတ်ကပြောပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့် မတ်လ ၂၄ ရက် ကစပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

နည်းပြဆောက်ဂိတ်အနေနဲ့  ဂျာမနီမှာကျင်းပမယ့် ယူရို၂၀၂၄ ပြိုင်ပွဲအထိ စာချုပ်ရှိနေပြီး အဲဒီပြိုင်ပွဲအထိ ဆက်လက်တာဝန်ယူမှာ ဖြစ်ပါတယ်။ 

2 months Ago
Up