close

တင်းမာမှု

close

January 31, 2023

အစ္စရေးနှင့်ပါလက်စတိုင်း တင်းမာမှုများ ဖြေလျှော့ရန် အမေရိကန် တိုက်တွန်း

အစ္စရေးနဲ့ ပါလက်စတိုင်းတွေကို တင်းမာမှုတွေ ဖြေလျှော့ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇန်နဝါရီ ၃၀ ရက်  သူ့ရဲ့ ဂျေရုဆလင်ခရီးစဉ်အတွင်း တိုက်တွန်းခဲ့ပြီး နိုင်ငံနှစ်ခုရဲ့ ကာလရှည်ကြာ ရပ်တန့်နေတဲ့  ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ လိုအပ်ကြောင်း ထပ်မံအတည်ပြုခဲ့ပါတယ်။ 

သွေးထွက်သံယို အပြင်းထန်ဆုံး အကြမ်းဖက်မှုတွေဖြစ်ပွားနေချိန်အတွင်း ရောက်ရှိလာတဲ့ ဘလင်ကန်ဟာ အစ္စရေးတွေ သတိပေးအချက်ပြအဆင့် အမြင့်ဆုံးထားနေတဲ့ ဂျူးဘုရားကျောင်း အပြင်က ပါလက်စတိုင်းတို့ရဲ့ ပစ်ခတ်မှုအပေါ် အာရုံစိုက်ထားပေမယ့် အဲဒီလိုသွေးထွက်သံယိုမှုကို လက်စားချေခြင်း မပြုဖို့လည်း တိုက်တွန်း သတိပေးထားပါတယ်။ 

“အနောက်ဘက်ကမ်းရဲ့ လုံခြုံရေးအခြေအနေမှာလည်း အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ အကြမ်းဖက်မှု သံသရာလည်နေတာကို ဆွေးနွေးခဲ့ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ နှစဖက်စလုံးအတွက် လုံခြုံရေးနဲ့ တည်ငြိမ်ရေး အခြေအနေတွေချမှတ်ဖို့ တင်းမာမှုတွေကို အရှိန်လျော့သွားစေဖို့ ပါတီအားလုံးကို အရေးပေါ် လုပ်ငန်းအဆင့်တွေ ဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်” လို့ ဘလင်ကန်က ပြောပါတယ်။

ဂျေရုဆလင်မှာ နေတန်ယာဟုနဲ့ တွေ့ဆုံပြီးခဲ့တဲ့ ဘလင့်ကန်က အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းဖို့ကသာ နှစ်နိုင်ငံအတွက် အဖြေရှာဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ ဝါရှင်တန်က ယုံကြည်ထားကြောင်း ပြန်ပြောပြခဲ့ပါတယ်။ 

အစ္စရေးသမ္မတအိုက်ဇက်ဟာဇော့ဂ်နဲ့ တွေ့ဆုံပြီး ဒေသတွင်း နိုင်ငံရေးတင်းမာမှုတွေကို ဆွေးနွေးခဲ့ပြီး နောက် ၁ နာရီအကြာမှာပဲ နေတန်ယာဟုနဲ့ ကွန်ဖရင့်အတွင်းမှာ ဘလင်ကန်ဟာ အစ္စရေးရဲ့ တရားစီရင်ရေးကဏ္ဍက အပြောင်းအလဲတွေကို ဆန့်ကျင်တဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲတွေကို ရည်ညွှန်းပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ တက်ကြွမှုက နောက်တောင်ကျနေပြီ လို့လည်း ပြောဆိုပါတယ်။ 

ဘလင့်ကန်ဟာ ပါလက်စတိုင်းသမ္မတ မာမွဒ်အက်ဘာ့စ်ကို ဇန်နဝါရီ ၃၁ ရက်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ 

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးအလီကိုဟင်ကလည်း လာမယ့်သီတင်းပတ်တွေအတွင်း ကိယက်ဗ်မှာ ရှိတဲ့ အစ္စရေးသံရုံးဟာ စွမ်းဆောင်ရည်အပြည့်နဲ့ ပြန်ဖွင့်တော့မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပြီး မကြာခင်မှာ ယူကရိန်းမြို့တော်ကို လာရောက်မယ့် အရှေ့အလယ်ပိုင်းက ပထမဆုံးဝန်ကြီး ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။ 

အစ္စရေးနဲ့အတူ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကိစ္စအပေါ် အမေရိကန်က ကမကထပြုတဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တာပါ။ 

နေတန်ယာဟုရဲ့ သဘောထားတင်းမာတဲ့ အစိုးရသစ်မှာ ပါလက်စတိုင်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ကို ဆန့်ကျင်ကန့်ကွက်သူတွေ ပါဝင်နေပြီး ပါလက်စတိုင်းနယ်မြေတွေအပေါ် သံခင်းတမန်ခင်းကို ဦးစားပေးတဲ့ အက်ဘာ့စ်နဲ့ အစ္စရေးကိုဖျက်ဆီးပစ်ရေး ကျမ်းသစ္စာကျိန်ဆိုထား တဲ့ ဟားမတ်စ် အစ္စလာမ္မစ်ဝါဒီတို့ကြား ပိုင်းခြားထားပါတယ်။

7 mins Ago

August 15, 2020

လူ ၅ ဦးသေဆုံးခဲ့ပြီးနောက် အိုင်ဗရီကို့စ် ဆန္ဒပြပွဲ တင်းမာမှုအရှိန်မြင့်တက်လာ 

အိုင်ဗရီကို့စ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၅ ယောက် ထက်မနည်းရှိလာပြီး    သြဂုတ်လ ၁၄ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြား တင်းမာမှုတွေ ဆက်မြင့်တက်နေပါတယ်။ တတိယသက်တမ်း ဝင်အရွေးခံမယ့်   အိုင်ဗရီကို့စ်သမ္မတ  အလက်ဇန်းဝယ်သာဟာကို ပြည်သူတွေက ဆန့်ကျင် ဆန္ဒပြနေတာပါ။ သြဂုတ်လ ၁၄ ရက် မနက်မှာတော့    မြို့တော်အဘီဂျန်အပြင်ဘက် ဘွန်နူဝါမြို့ ရဲစခန်းဟာ  အုတ်ပုံတစ်ခု ဖြစ်သွားပြီး  ရဲတပ်ဖွဲ့ယာဉ်တွေဟာလည်း မီးကျွမ်းနေပါတယ်။ မြို့တော်အဘီဂျန်မှာတော့ ဆန္ဒပြသူတွေက ဘတ်စ်ကား တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။   သြဂုတ်လ ၁၃ ရက်ညမှာ  ဆန္ဒပြသူတွေက  ရဲစခန်းကို ဝင်စီးပြီး ကျည်အစစ်နဲ့ ပစ်ခံရလို့ သေဆုံးခဲ့တဲ့ လူငယ်ရဲ့ ရုပ်အလောင်းကို သမ္မတ နန်းတော်ဆီ သယ်သွားခဲ့ပါတယ်။  အဲဒီနောက်မှာ   ဘွန်နူဝါမြို့ကို အကူရဲတပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ရပါတယ်။ ဆန္ဒပြသူတွေက  သမ္မတ ဝယ်သာ မနုတ်ထွက်မချင်း  အောက်တိုဘာရွေးကောက်ပွဲအထိ ဆန္ဒပြပွဲတွေ လုပ်သွားမယ်လို့ ကတိပြုထားပါတယ်။ 
2 years Ago
Up