close

တောဝက်အကယ်ဒမီ

close

February 17, 2023

တောဝက်အကယ်ဒမီဘောလုံးအသင်းခေါင်းဆောင် နောင့်ဒွမ်းအတွက် အောက်မေ့ဘွယ် ကျင်းပ

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က မယ်ဆိုင်ဂူထဲပိတ်မိလို့  ကမ္ဘာကျော်သွားတဲ့ တောဝက် အ ကယ်ဒမီဘောလုံးအသင်းဝင် ၁၃ ဦးအနက် နောင့်ဒွမ်းဆိုသူ လူငယ်လေးမှာ ပညာသင်ဆုရပြီး အင်္ဂလန်နိုင်ငံမှာ ဘောလုံးသင်တန်းကျောင်းတက်နေစဉ်  ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ 

ကွယ်လွန်သူ နောင့်ဒွမ်း  (ခ) ဒွမ်းဒုမ်ဖေ့ချ် ဖရူမ်ထိပ် ( အသက် ၁၈ နှစ် ) အား ရည်စူးပြီးအောက်မေ့ဖွယ်အခမ်းအနားတွေကို သူပညာသင်နေတဲ့ အင်္ဂလန်နိုင်ငံက Brooke House College Football Academy စာသင်ကျောင်းမှာရော ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆာရဖီးမြို့နယ် The Vachiralai အထက်တန်းကျောင်းနဲ့ ဇာတိမြေ မယ်ဆိုင်မြို့ပါ ကျင်းပခဲ့ပါတယ်။ 

နောင့်ဒွမ်းဟာ ရည်မှန်းချက်မြင့်မားပြီး ဇွဲရှိတဲ့လူငယ် ၁ ဦးဖြစ်တာကြောင့် တကျောင်းလုံးရဲ့ စံပြလူငယ်ဖြစ်ကြောင်း၊ အရွယ်မတိုင်ခင် တိမ်းပါးသွားလို့ ဝမ်းနည်းရပြီး  ကျောင်းနေဘက် သူ ငယ်ချင်းတွေရဲ့ စိတ်ဒဏ်ရာကို နှိမ့်သိမ့်ကုစားပေးနေတယ်လို့ Brooke House College Football Academy ကျောင်းက ထုတ်ပြန်ထားပါတယ်။ 

ချင်းမိုင်ခရိုင် The Vachiralai ကျောင်းက  အောက်မေ့ဖွယ်အခမ်းအနားကို မနေ့က ခရစ်ယာန်ဓလေ့ထုံးစံနဲ့  ကျင်းပခဲ့ပြီး နောင့်ဒွမ်းရဲ့ လှူပ်ရှားမှု အဖြူအမည်းဓာတ်ပုံ ၊ ဖဲကြိုးအနက်ရောင်တွေနဲ့ ဆင်ယင်ပြသထားပါတယ်။ 

အဆိုပါကျောင်းမှ နောင့်ဒွမ်းရဲ့ သူငယ်ချင်းဖြစ်သူ ၁ ဦးက သူနဲ့ နောင့်ဒွမ်းဟာ ပြီးခဲ့တဲ့စနေနေ့က ပုံမှန်ဆက်သွယ်စကားပြောခဲ့ကြောင်း၊ သူ့မှာ ကျန်းမာရေးပြဿနာဘာမှမရှိသလို ဘောလုံးလေ့ကျင့်စဉ်လည်း ဘာမှမဖြစ်ကြောင်း ၊ ဇွန်လထဲ သူပြန်လာရင် သွားရောက်လည်ပတ်မယ့်နေရာ ၊ သွားစားချင်တဲ့အရာတွေ ချိန်းချက်ထားကြောင်း၊  အခုလို သူသေဆုံးသွားတာကို မယုံကြည်နိုင်အောင်ဖြစ်ရတယ်လို့ ပြောပါတယ်။ 

မယ်ဆိုင်မှာလည်း ကျန်ရစ်သူ မိဘနဲ့မိသားစုဝင်တွေက မနေ့က နောင့်ဒွမ်းနှစ်သက်တဲ့ အစားအစာတွေနဲ့ သံဃာတော်တွေကို ဆွမ်းလောင်းပြီး အလှူဒါနပြုခဲ့ပါတယ်။ 

ဒါ့အပြင် ဖရထတ်လွိုင်ဝေါင်းကျောင်းတိုက်မှာလည်း နောင့်ဒွမ်းကောင်းရာသုကတိလားစေဖို့ သံ ဃာ တွေက ရွတ်ဖတ်သရဇာယ်ဆုတောင်းခဲ့ကြပါတယ်။ 

နောင့်ဒွမ်းသေဆုံးရခြင်းအကြောင်းနဲ့ ပတ်သက်လို့ အစပိုင်းမှာ ဘောလုံးကစားရင်းလဲကျသွား တာလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တရားဝန်ထုတ်ပြန်ချက်တွေမရှိသေးပါဘူး။ သူ့ကိုအစစ တာဝန်ယူစောင့်ရှောက်ပေးနေတဲ့ Zico Foundation ဒါရိုက်တာ ခွန်ကစ်သီဆတ် ဆေနာမုန်း ကလည်း နောင့်ဒွမ်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် နေ့လည်ပိုင်းက သူ့အခန်းထဲမှာ တယောက်တည်းသတိလစ်ပြီး လဲကျနေတာကို ဆရာတွေက တွေ့ရှိတာကြောင့် ဆေးရုံကို ပို့ ဆောင်ပေးခဲ့တယ်၊ သတိမေ့ရတဲ့အကြောင်းရင်းကို မသိသေးဘူး၊  ဆေးရုံရောက်ပေမယ့် သူ့ရဲ့ အသက်ရှူနှုန်းတဖြည်းဖြည်းနဲ့ နှေးလာလို့  ထိုင်းသံရုံးကနေတဆင့် မယ်ဆိုင်က မိဘတွေဆီအ ကြောင်းကြားခဲ့တယ်၊  မိဘတွေရဲ့ ခရီးစရိတ်အတွက် ဇီကိုဖောင်ဒေးရှင်းက အကုန်တာဝန်ယူ မယ်လို့ ပြောခဲ့ပြီး ခရီးမထွက်ဖြစ်ခင် ဖေဖော်ဝါရီလ ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်မှာ နောင့်ဒွမ်းအသက်ရှူရပ်သွားခဲ့တာလို့ ပြောပါတယ်။ 

ကျန်ရစ်သူမိသားစုက သူ့ရဲ့အလောင်းကို ထိုင်းကိုပြန်သယ်လာပြီး ဈာပနအခမ်းအနားကျင်း ပလိုတယ်လို့ တောင်းဆိုထားတာကြောင့် ဒါရိုက်တာ ခွန်ကစ်သီဆတ်က ဆောင်ရွက်ပေးမယ့်အကြောင်း  ကတိပေးသွားပါတယ်။ 

11 mins Ago

September 5, 2019

ထိုင်းလိုဏ်ဂူတွင်းပိတ်မိခဲ့သည့် ကလေးငယ်များအကြောင်း-The Cave ရုပ်ရှင် (နမူနာ)

ထိုင်းနိုင်ငံမြောက်ပိုင်း လိုဏ်ဂူတခုထဲမှာ ပိတ်မိနေခဲ့ကြတဲ့ တောဝက်အကယ်ဒမီ လူငယ်ဘောလုံးအသင်းဝင် ၁၃ ဦးကို ကယ်တင်နိုင်ခဲ့တဲ့အကြောင်း ရုပ်ရှင်ကားကို အခုလာမယ့် နိုဝင်ဘာအကုန်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ရုပ်ရှင်ကားနာမည်ကိုတော့ ထိုင်းဘာသာနဲ့ နန်းနွန်း၊ အင်္ဂလိပ်ဘာသာနဲ့ The Cave လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အိုင်ယာလန်နွယ်ဖွား ထိုင်းရုပ်ရှင်ဒါရိုက်တာ တွမ်ဝေါ်လာက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ တောဝက် အကယ်ဒမီ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြတို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ကနေ ဇူလိုင် ၁၀ ရက်နေ့ထိ အချိန် ၂ ပတ်ကျော်ကြာ ပိတ်မိနေခဲ့ကြပြီးမှ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပေးထားတဲ့ ရုပ်ရှင်နာမည် နန်းနွန်းဆိုတာကတော့ သူတို့ပိတ်မိနေခဲ့တဲ့ လိုဏ်ဂူရဲ့ အမည်ဖြစ်ပြီး ဒီအဖြစ်အပျက်ဟာ တကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတဲ့ ဖြစ်စဉ်မို့ ရုပ်ရှင်အနေနဲ့လည်း နိုင်ငံတကာကို ထိုးဖောက်နိုင်မှာ ဖြစ်ပါ တယ်။ ဝေါ်လာကတော့ ဒီရုပ်ရှင်ကားထဲမှာ ဂူတွင်းပိတ်မိနေခဲ့တဲ့ တောဝက်လူငယ် ဘောလုံးအသင်းသားတွေကို ကယ်တင်ခဲ့တဲ့ ဖြစ်စဉ်ရဲ့ ကနဦး ပါဝင်ခဲ့သူတွေ၊ မဖော်ကျူးရသေးတဲ့ သူရဲကောင်းတွေအနေနဲ့ အဓိကထား ရိုက်ကူးသွားမယ်လို့ အစောပိုင်းကာလမှာ ပြောခဲ့တာပါ။ ဒီရုပ်ရှင်ကား Trailer ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ ထွက်ရှိလာခဲ့ပြီဖြစ်ကာ လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ ထိုင်းနိုင်ငံတဝှမ်းရုပ်ရှင်ရုံတွေမှာပါ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ ဝေါ်လာကတော့ ဆင်ဆာကိစ္စတွေ၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်တွေအပြင် ဒီအဖြစ်အပျက်ဇာတ်လမ်းမှာ ပါဝင်သူတွေကြား ရုပ်ရှင်ရိုက်ကူးရတာ တကယ့်အိပ် မက်ဆိုးတခုလိုပဲလို့ ပြောလိုက်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားကို လန်ဒန်ရုပ်ရှင်ပွဲတော်မှာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ ပွဲဦးထွက်ပြသဖို့ စီစဉ်ထားပြီး တခြားနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာပါ ပြသသွားမယ်လို့ ဆိုပါတယ်။
ထိုင္းလိုဏ္ဂူတြင္းပိတ္မိခဲ့သည့္ ကေလးငယ္မ်ားအေၾကာင္း-The Cave ႐ုပ္ရွင္ (နမူနာ) DVB ထိုင္းႏိုင္ငံေျမာက္ပိုင္း လိုဏ္ဂူတခုထဲမွာ ပိတ္မိေနခဲ့ၾကတဲ့ ေတာဝက္အကယ္ဒမီ လူငယ္ေဘာလုံးအသင္းဝင္ ၁၃ ဦးကို ကယ္တင္ႏိုင္ခဲ့တဲ့အေၾကာင္း ႐ုပ္ရွင္ကားကို အခုလာမယ့္ ႏိုဝင္ဘာအကုန္မွာ ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။ ႐ုပ္ရွင္ကားနာမည္ကိုေတာ့ ထိုင္းဘာသာနဲ႔ နန္းႏြန္း၊ အဂၤလိပ္ဘာသာနဲ႔ The Cave လို႔ အမည္ေပးထားတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ အိုင္ယာလန္ႏြယ္ဖြား ထိုင္း႐ုပ္ရွင္ဒါ႐ိုက္တာ တြမ္ေဝၚလာက ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ေတာဝက္ အကယ္ဒမီ လူငယ္ေဘာလုံးသမား ၁၂ ဦးနဲ႔ နည္းျပတို႔ဟာ ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္း႐ိုင္ခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕ ခြန္နမ့္နန္းႏြန္း လိုဏ္ဂူထဲမွာ ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၂၃ ရက္ေန႔ကေန ဇူလိုင္ ၁၀ ရက္ေန႔ထိ အခ်ိန္ ၂ ပတ္ေက်ာ္ၾကာ ပိတ္မိေနခဲ့ၾကၿပီးမွ ကယ္တင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အခုေပးထားတဲ့ ႐ုပ္ရွင္နာမည္ နန္းႏြန္းဆိုတာကေတာ့ သူတို႔ပိတ္မိေနခဲ့တဲ့ လိုဏ္ဂူရဲ႕ အမည္ျဖစ္ၿပီး ဒီအျဖစ္အပ်က္ဟာ တကမာၻလုံးက စိတ္ဝင္တစားေစာင့္ၾကည့္ခဲ့ရတဲ့ ျဖစ္စဥ္မို႔ ႐ုပ္ရွင္အေနနဲ႔လည္း ႏိုင္ငံတကာကို ထိုးေဖာက္ႏိုင္မွာ ျဖစ္ပါ တယ္။ ေဝၚလာကေတာ့ ဒီ႐ုပ္ရွင္ကားထဲမွာ ဂူတြင္းပိတ္မိေနခဲ့တဲ့ ေတာဝက္လူငယ္ ေဘာလုံးအသင္းသားေတြကို ကယ္တင္ခဲ့တဲ့ ျဖစ္စဥ္ရဲ႕ ကနဦး ပါဝင္ခဲ့သူေတြ၊ မေဖာ္က်ဴးရေသးတဲ့ သူရဲေကာင္းေတြအေနနဲ႔ အဓိကထား ႐ိုက္ကူးသြားမယ္လို႔ အေစာပိုင္းကာလမွာ ေျပာခဲ့တာပါ။ ဒီ႐ုပ္ရွင္ကား Trailer ဟာ စက္တင္ဘာလ ၄ ရက္ေန႔မွာ ထြက္ရွိလာခဲ့ၿပီျဖစ္ကာ လာမယ့္ ႏိုဝင္ဘာလ ၂၈ ရက္ေန႔မွာေတာ့ ထိုင္းႏိုင္ငံတဝွမ္း႐ုပ္ရွင္႐ုံေတြမွာပါ ႐ုံတင္ျပသေတာ့မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါ႐ိုက္တာ ေဝၚလာကေတာ့ ဆင္ဆာကိစၥေတြ၊ မူပိုင္ခြင့္ဆိုင္ရာကိစၥရပ္ေတြအျပင္ ဒီအျဖစ္အပ်က္ဇာတ္လမ္းမွာ ပါဝင္သူေတြၾကား ႐ုပ္ရွင္႐ိုက္ကူးရတာ တကယ့္အိပ္ မက္ဆိုးတခုလိုပဲလို႔ ေျပာလိုက္ပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကားကို လန္ဒန္႐ုပ္ရွင္ပြဲေတာ္မွာ လာမယ့္ ေအာက္တိုဘာလ ၂ ရက္ေန႔မွာ ပြဲဦးထြက္ျပသဖို႔ စီစဥ္ထားၿပီး တျခားႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္ေတြမွာပါ ျပသသြားမယ္လို႔ ဆိုပါတယ္။
3 years Ago
Up