ထိုင်ဝမ်မ္မတ ဆိုင်ယင်းဝမ် နဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီတို့ ဒီသီတင်းပတ်အစောပိုင်းက တွေ့ဆုံမှုကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့တာကြောင့် ဧပြီ ၈ ရက်မှာ ထိုင်ဝမ်လေတပ်အခြေစိုက်စခန်းကနေ တိုက်လေယာဉ်တွေ ပျံတက်သွားပါတယ်။
ထိုင်ဝမ်လေတပ်ရဲ့ Mirage 2000-5 လေယာဉ်ဟာ လေ့ကျင့်မှုတွေကို အပြီးသတ်ပြီးနောက်မှာ ဆင်းချူ လေတပ်စခန်းကို ပြန်ပြီး ဆင်းသက်လာပါတယ်။
တရုတ်နိုင်ငံဟာ "ပြင်းထန်တဲ့ သတိပေးချက်" ပေးပို့တဲ့ ရည်ရွယ်ချက်နဲ့ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေ စတင်နေကြောင်း တရုတ်စစ်တပ်ရဲ့ အရှေ့ပိုင်း စည်းရုံးရေး ကွပ်ကဲမှုဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၈ ရက်မှာ တရုတ် စစ်ရေးလေ့ကျင့်မှု စတင်ပြီးနောက် ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့တွေက တင်းမာမှုတွေ မပြင်းထန်စေဘဲ အခြေအနေကို စောင့်ကြည့်မယ်လို့ အလေးပေးပြောထားတဲ့ ဗွီဒီယိုမက်ဆေ့ချ်ကို ထုတ်ပြန်လာပါတယ်။
အဲဒီဗွီဒီယိုမှာ ထိုင်ဝမ်စစ်တပ်၊ ရေတပ်နဲ့ လေတပ်တို့ဟာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပြီး တရုတ်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြောင်း ပြသထားပါတယ်။
စနေနေ့မနက်ပိုင်းမှာ ထိုင်ဝမ် ရေလက်ကြားရှိ နယ်မြေ ၂ ဖက်ကြားက တရားဝင်မဟုတ်တဲ့ နယ်နိမိတ်အဖြစ် ပုံမှန်အရေးကြီးတဲ့ အလယ်တန်းမျဉ်းကို ဖြတ်ကျော်လာတဲ့ တရုတ်တိုက် လေယာဉ် ၄၂ စင်းအပြင် တရုတ်သင်္ဘော ၈ စင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။