close

ထွက်ခွာ

close

February 28, 2023

Nestle ကုမ္ပဏီ လုပ်ငန်းများရပ်နားပြီး မြန်မာနိုင်ငံက ထွက်ခွာမည်

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် နိုင်ငံတကာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Nestle ကုမ္ပဏီဟာ မြန်မာနိုင်ငံရှိ  သူ့ရဲ့စားသောက်ကုန်ထုတ်လုပ်ငန်းတွေကို ရပ်နားပြီး  မြန်မာပြည်ကနေ ထွက်ခွာတော့မယ်လို့ AFP သတင်းမှာ ​ဖော်ပြပါတယ်။

Nestle ကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်းမှာ Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ မိုင်လို ချောကလက် အပါအဝင် စားသောက်ကုန်တွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စျေးကွက်တွေ မတည်ငြိမ်တာကြောင့် ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Nestle ကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေကြောင့် ရန်ကုန်ရုံးချုပ်နဲ့ Nestle စက်ရုံလုပ်ငန်းအားလုံးကို ရပ်ဆိုင်းသွားမယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောပေမဲ့ အချိန်အတိအကျတော့ ပြောကြားခဲ့တာမရှိသေးပါဘူး။

မြန်မာပြည်ထဲက စက်ရုံကို ရပ်နားလိုက်ပေမဲ့  မြန်မာစျေးကွက်ထဲမှာတော့  ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာထုတ်လုပ်တဲ့ Nestle ထုတ်ကုန်ပစ္စည်းတွေကို  မြန်မာကုမ္ပဏီတစ်ခုက တင်သွင်းပြီး အစားထိုး ဖြန့်ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။

Nestle ရဲ့ ရန်ကုန်ရုံးချုပ်နဲ့ စက်ရုံမှာ ဝန်ထမ်း ၁၃၈ ဦးလောက်ရှိတယ်လို့ သိရပြီး လုပ်ငန်းရပ်ဆိုင်းမှုကြောင့် ထိခိုက်နစ်နာမယ့်ဝန်ထမ်းတွေအားလုံးအတွက် တတ်နိုင်သလောက် ထောက်ပံ့ပေးသွားမယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီးတွေ ဆက်တိုက်ထွက်ခွာနေကြရာမှာ အခုနောက်ဆုံး ဆွစ်ဇာလန် အခြေစိုက် စားသောက်ထုတ်ကုန် ကုမ္ပဏီကြီးလည်း ထွက်ခွာဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

ပြစ်သစ်အခြေစိုက် ရေနံကုမ္ပဏီကြီး Total ၊ အမေရိကန်ရေနံကုမ္ပဏီကြီး Chevron နဲ့ နော်ဝေ တယ်လီကွန်ကုမ္ပဏီ Telenor အပါဝင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေလည်း မြန်မာပြည်ကနေ ထွက်ခွာသွားခဲ့ကြပါတယ်။

Nestle ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က  ထုတ်လုပ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၉၅ ဘီလီယံလောက် ထုတ်လုပ်နိုင်ခဲ့တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။

Ref-AFP

4 days Ago

November 25, 2022

အုပ်စုအဆင့်မှာ စောစီးစွာထွက်ခွာနိုင်သည့်အပေါ် ကြိုပြင်ဆင်ထားဟု ကာတာနည်းပြပြော

ကာတာအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ကနေ စောစီးစွာထွက်ခွာသွားနိုင်တဲ့အပေါ် ကြိုတင်ပြင်ဆင်ထားတယ်လို့ နည်းပြ ဆန်းချက်ဇ်က ပြောပါတယ်။

အိမ်ရှင်ကာတာအသင်းဟာ အဖွင့်ပွဲစဉ်မှာ အီကွေဒေါအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပြီး ဒီကနေ့ ည ၇ နာရီခွဲအချိန်မှာ  ဆီနီဂေါအသင်းနဲ့ အဆုံးအဖြတ်ပွဲစဉ်ကစားသွားရမှာပါ။ 

“ကျနော်တို့က သေးငယ်တဲ့နိုင်ငံလေးပါ။ ကမ္ဘာ့ဖလားကို လက်ခံကျင်းပတဲ့ အသေးဆုံးနိုင်ငံဖြစ်တယ်။ အုပ်စုအဆင့်ကနေ စောစောစီးစီးထွက်ခွာရနိုင်တဲ့အပေါ်လည်း ကိုယ့်ကိုယ်ကိုသေချာပြင်ဆင်ထားပြီးဖြစ်တယ်။ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရရင်လည်း ကာတာနိုင်ငံရဲ့ ဘောလုံးစီမံကိန်းတွေကအဆုံးသတ်သွားတယ်လို့ မဆိုနိုင်ပါဘူး” လို့ ကာတာနည်းပြ ဆန်းချက်ဇ်ကပြောပါတယ်။

ကာတာအသင်းအနေနဲ့ နောက်လာမယ့်ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ အောင်မြင်အောင်စွမ်းဆောင်နိုင်တဲ့ အရည်အသွေးမြင့်အသင်းပေါ်ထွက်လာဖို့ ဆက်လက်ပြုစုပျိုးထောင်သွားမယ်လို့ ယုံကြည်ကြောင်းလည်း နည်းပြဆန်းချက်ဇ်က ပြောပါတယ်။

3 months Ago
Up