close

နည်းပြတန်ဟတ်ဂ်

close

March 11, 2023

ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆု နည်းပြတန်ဟတ်ဂ်နှင့် ရက်ရှ်ဖို့ဒ်တို့ သိမ်းပိုက်

ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုတွေကို မန်ယူနည်းပြတန်ဟတ်ဂ်နဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်တို့က ရရှိခဲ့ပါတယ်။

မန်ယူအသင်းဟာ ဖေဖော်ဝါရီလအတွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ရရှိခဲ့ပါတယ်။

ဒါကြောင့် နည်းပြတန်ဟတ်ဂ်က ဖူဟမ်နည်းပြမာကိုဆေးလ်ဗားနဲ့ စပါးနည်းပြ ကွန်တီတို့ကို ကျော်ဖြတ်ပြီး နှစ်ကြိမ်မြောက်ရရှိခဲ့တာပါ။ 

တန်ဟတ်ဂ်ဟာ ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်း မန်ယူနည်းပြတွေထဲမှာ တစ်ရာသီအတွင်း ဆုတစ်ကြိမ်ထက် ပိုရတဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။

၄ ပွဲမှာ ၅ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာလည်း ဆန်ခါတင်စာရင်းမှာပါဝင်တဲ့ ကစားသမားတွေကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တာပါ။

ဒါဟာ ရက်ရှ်ဖို့ဒ် အတွက် တတိယအကြိမ်မြောက်ရရှိတာဖြစ်သလို နှစ်လဆက်တိုက် ရရှိတာလည်း ဖြစ်ပါတယ်။

ရာသီမကုန်ခင်မှာပဲ တစ်လတာအကောင်းဆုံးသုံးကြိမ် အထိရရှိခဲ့တဲ့အပေါ် ကျေနပ်ဂုဏ်ယူမိပြီး အသင်းဖော်တွေအားလုံးရဲ့ စွမ်းဆောင်မှုတွေကြောင့်လည်း ရရှိခဲ့တာဖြစ်ကြောင်း ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။ 

4 weeks Ago

March 9, 2023

ဖာနန်ဒက်စ်ကို မန်ယူနည်းပြတန်ဟတ်ဂ်နှင့် တိုက်စစ်မှူးရှက်ရှ်ဖို့ဒ် ချီးကျူး

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာအသင်းရဲ့ အတုယူစရာစံပြ ကစားသမားဖြစ်ကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်က ချီးကျူးပြောကြားလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ လီဗာပူးအသင်းကို ၇ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရပြီး အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။

ဒါပေမဲ့ နည်းပြတန်ဟတ်ဂ်ကတော့ ကစားသမားဖြစ်သူဘက်ကနေ ကာကွယ် ပြောကြားသွားခဲ့ပြီး လူတိုင်းအမှားမကင်းနိုင်ကြောင်းနဲ့ ဖာနန်ဒက်ဟာ စံပြကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့တာပါ။ 

“ဘရူနိုကအသင်းကို အားအင်တွေပေးနိုင်တယ်။ အမြင့်မားဆုံး ပြင်းပြမှုနဲ့အတူ ပြေးလွှားကစားနိုင်ရုံတင်မဟုတ်ဘဲ မှန်ကန်တဲ့နည်းလမ်းကိုပါ လမ်းညွှန်နိုင်တဲ့သူ ဖြစ်တယ်။ သူက အသင်းဖော်တွေကို နည်းပြပေးနိုင်တဲ့ အတုယူစရာစံပြကစားသမားဖြစ်တယ်။ ဒါပေမဲ့လူတိုင်းက ပြည့်စုံတယ်ဆိုတာမရှိဘဲ အမှားရှိတတ်ပါတယ်။ ကျနော်တို့ သင်ခန်းစာယူရမှာဖြစ်သလို သူလည်းသင်ခန်းစာယူပါလိမ့်မယ်” လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

နောက်ခံလူ မက်ဂွဲယား ပွဲထွက်ခွင့်မရချိန်မှာ ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်တာဝန်ကို ဆက်လက်တာဝန်ယူမှာဖြစ်ကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ဖြေရှင်းခဲ့ပါတယ်။

ကွင်းလယ်လူဖာနန်ဒက်စ်ဟာ တိုက်စစ်မှူးတစ်ယောက်အတွက် တွဲဖက်ကစားဖို့ ပြီးပြည့်စုံတဲ့ အသင်းဖော်ဖြစ်တယ်လို့လည်း  မန်ယူတိုက်စစ်မှူးရှက်ရှ်ဖို့ဒ်ကလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ 

“ဘရူနိုနဲ့ တွဲဖက်ကစားရတာကို နှစ်သက်ပါတယ်။ တိုက်စစ်မှူးတစ်ယောက်အတွက် သူက တွဲဖက်ကစားဖို့ ပြီးပြည့်စုံတဲ့ကစားသမားဖြစ်တယ်။ ဘရူနိုနဲ့ ပတ်သတ်ပြီး မကောင်းပြောစရာမရှိပါဘူး”လို့ ရက်ရှ်ဖို့ဒ်ကပြောပါတယ်။

ဖာနန်ဒက်စ်ဟာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သလို သူမပါဘဲနဲ့ အသင်းရဲ့ကစားပုံ ကောင်းမွန်မှာ မဟုတ်ကြောင်း ရက်ရှ်ဖို့ဒ်ကဆက်ပြီးချီးကျူးသွားပါတယ်။

ဘက်တစ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်ဟာ လီဗာပူးနဲ့ပွဲကရှုံးပွဲအတွက် ပြန်လည်ပေးဆပ်ဖို့ အကောင်းဆုံးပွဲစဉ်ဖြစ်တယ်လို့လည်း ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။

1 month Ago
Up