close

နည်းပြပေါ်တာ

close

March 12, 2023

သုံးပွဲဆက်နိုင်ပြီး ခြေစွမ်းတိုးတက်လာသည့် ချဲလ်ဆီးကို နည်းပြပေါ်တာ ချီးကျူး

သုံးပွဲဆက်အနိုင်ရလဒ်နဲ့ ခြေစွမ်းတိုးတက်လာတဲ့ ချဲလ်ဆီးအသင်းကို နည်းပြပေါ်တာကချီးကျူး စကားဆိုသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က လိဒ်ယူနိုက်တက်ကိုအနိုင်ရခဲ့သလို ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်နဲ့  မနေ့ကကစားခဲ့တဲ့ လက်စတာနဲ့ပွဲစဉ်တွေကို ဆက်တက်နိုင်ပွဲရယူ နိုင်ခဲ့တာပါ။

ဒီတစ်ပတ်ပွဲစဉ်တွေဟာ အသင်းအတွက် အများကြီး အပေါင်းလက္ခဏာဆောင်ပြီး ခြေစွမ်းပိုင်းအရလည်း ချီးကျူးစရာဖြစ်တယ်လို့ နည်းပြပေါ်တာက ပြောပါတယ်။

နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်အသင်းကိုလည်း အနိုင်ရဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး တစ်ပတ်အတွင်းမှာ သုံးပွဲစလုံးအနိုင်ယူခဲ့တာဟာ အလွန်ချီးကျူးစရာကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ကြောင်း နည်းပြဂရေဟမ်ပေါ်တာက ပြောသွားပါတယ်။

ချဲလ်ဆီးဟာ နိုင်ပွဲရခဲ့ပေမဲ့ အဆင့် ၁၀ မှာ ဆက်လက်ရပ်တည်နေပြီး တစ်ပွဲလျော့အခြေအနေမှာ အဆင့်လေးနေရာက စပါးနဲ့ ၁၁ မှတ်ကွာဟ နေဆဲဖြစ်ပါတယ်။ 

3 weeks Ago

January 21, 2023

ကစားသမားသစ်မူဒရစ်ခ် အသင်းနှင့်အံဝင်ရန် အချိန်လိုအပ်နိုင်ဟု နည်းပြပေါ်တာ သုံးသပ်

ကစားသမားသစ်မူဒရစ်ခ်ဟာ အသင်းနဲ့ အံဝင်ဖို့ အချိန်လိုအပ်နိုင်ကြောင်း ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကပြောပါတယ်။

အသက် ၂၂ နှစ်ရှိ ယူကရိန်းလက်ရွေးစင် မူဒရစ်ခ်ဟာ ယူကရိန်းကလပ်ရှက်တာဒိုးနက်စ်ကနေ ပေါင် ၈၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

ပရီးမီးယားလိဂ်ဟာ မတူညီတဲ့ လိဂ်ပြိုင်ပွဲဖြစ်တာကြောင့် မူဒရစ်ခ်အနေနဲ့ အချိန်တစ်ခုလိုအပ်မှာကို အားလုံးကနားလည်း လက်ခံထားပြီး ကူညီပေးသွားရမှာဖြစ်ကြောင်း နည်းပြပေါ်တာက ပြောပါတယ်။

မူဒရစ်ခ်ဟာ အလားအလာကောင်းတွေအများကြီးရှိတဲ့ လူငယ်ကစားသမားဖြစ်ပေမဲ့ အတွေ့အကြုံရှိပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားလို့လည်း ဂရေဟမ်ပေါ်တာ ချီးကျူးပါတယ်။

ပွဲမကစားရတာကြာပြီဖြစ်ပေမယ့် လေ့ကျင့်ရေးကွင်းမှာ ကောင်းမွန်စွာလုပ်နိုင်ခဲ့လို့ လီဗာပူးနဲ့ပွဲမှာ ပါဝင် ကစားနိုင်ဖွယ်ရှိကြောင်းလည်းပေါ်တာက ဆိုပါတယ်။

မူဒရစ်ခ်ဟာ  ရှက်တာဒိုးနက်စ်နဲ့ နိုဝင်ဘာ ၂၃ ရက်မှာကစားခဲ့ပြီးနောက် ပြိုင်ပွဲအဆင့်ပွဲစဉ်တွေ ထပ်မကစားဖြစ်သေးပါဘူး။ 

2 months Ago
Up