close

နည်းပြလမ်းပတ်

close

April 11, 2023

ရီးရဲလ်နှင့်ကန်မည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ဘာမဆိုဖြစ်နိုင်ဟု ချဲလ်ဆီးနည်းပြ လမ်းပတ်ပြော

ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘာမဆိုဖြစ်သွားနိုင်ကြောင်း ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်က ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ ရီးရဲလ်နဲ့မတိုင်ခင် နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်အသင်းကို ရှုံးနိမ့် ထားပြီး အမှတ်ပေးဇယားအဆင့် ၁၁ မှာရပ်တည် နေတာပါ။

အချက်အလက်အရ ရီးရဲလ်မက်ဒရစ်က လက်ရှိချန်ပီယံအသင်းဆိုပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ တခြားသောပြိုင်ပွဲတွေနဲ့ တူညီမှုမရှိတာကြောင့် ဘာမဆိုဖြစ်သွားနိုင်တယ်လို့ နည်းပြလမ်းပတ် ကပြောပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ပွဲအတွက် အကောင်းဆုံးကြိုးစားပြင်ဆင်ထားပြီး ချဲလ်ဆီးအသင်းအနေနဲ့ မျှော်လင့်ချက်မရှိသလောက် ဖြစ်နေတဲ့ပွဲစဉ်မဟုတ်ကြောင်းလည်း လမ်းပတ်က ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့် ဧပြီ ၁၃ ရက် မနက်၁နာရီခွဲမှာ မက်ဒရစ်မြေမှာ ပထမအကျော့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

3 weeks Ago

October 24, 2020

ပီအက်စ်ဂျီအား အနိုင်ယူခဲ့သည့် မန်ယူနိုက်တက်အသင်းကို နည်းပြလမ်းပတ် ချီးကျူး

မန်ယူနိူက်တက်အသင်းက အရည်အသွေးရှိတဲ့ အသင်းဖြစ်ပြီး ပီအက်စ်ဂျီကို အနိုင်ယူ လာတဲ့အသင်း ဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ချီးကျူးပါတယ်။   ချဲလ်ဆီးအသင်းဟာ အောက်တိုဘာ ၂၄ ရက် ည ၁၁ နာရီမှာ မန်ယူအသင်းအိမ်ကွင်းမှာ သွားရောက်ကစားရမှာပါ။  အဲဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြလမ်းပတ်က ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို အနိုင်ယူခဲ့တဲ့ မန်ယူအသင်းကို ချီးကျူးသွားခဲ့တာပါ။  ယူနိုက်တက်နဲ့ပွဲစဉ်က ပွဲကြီးပွဲကောင်းတပွဲအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး ယူနိုက်တက် အသင်းက အရည်သွေးရှိတဲ့ အသင်းကောင်းဖြစ်တယ်လို့ နည်းပြ လမ်းပတ်က ချီးကျူးပါတယ်။  ချဲလ်ဆီးအသင်းသားတွေကို ဦးဆောင်သူတွေ ဖြစ်လာစေချင်ပြီး အဲဒီလို စရိုက်လက္ခဏာ တွေရှိဖို့ လိုအပ်တယ်လို့ လမ်းပတ်က ပြောပါတယ်။ 
3 years Ago
Up