close

နည်းပြအာတေတာ

close

April 10, 2023

လီဗာပူးနှင့်ပွဲစဉ်၌ အာဆင်နယ်ကစားသမားများ၏ ဒုတိယပိုင်းခြေစွမ်းကို နည်းပြဝေဖန်

လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ပထမပိုင်းမိနစ် ၃၀ ခြေစွမ်းနဲ့ ဒုတိယပိုင်းခြေစွမ်းကြားမှာ ကွာဟချက် ကြီးမားခဲ့တာကို အာဆင်နယ်နည်းပြအာတေတာက မကျေမနပ်ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ပွဲချိန် မိနစ် ၃၀ အထိ လီဗာပူးအသင်းကို ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပထမပိုင်းပြီးခါနီးနဲ့ ဒုတိယပိုင်းပြီးခါနီးအချိန်တွေမှာ ချေပဂိုးတွေပေးခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

နည်းပြ အာတေတာကတော့ ပထမပိုင်းမိနစ် ၃၀ အထိခြေစွမ်းအတိုင်း နောက်ထပ် ၁၅ မိနစ်လောက် ကစားနိုင်ခဲ့မယ်ဆိုရင် ပွဲရလဒ်ပြောင်းလဲနိုင်ကြောင်း၊ အသင်းသားတွေအနေနဲ့ ဒုတိယပိုင်းမှာ ကြံ့ကြံ့ခိုင်နိုင်တဲ့စွမ်းဆောင်ရည်မပြသနိုင်ခဲ့ဘဲ အမှားများခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

လီဗာပူးနည်းပြကလော့ပ်ကတော့ သရေတစ်မှတ်ရခဲ့တဲ့အပေါ် ကျေနပ်တာမျိုးမဟုတ်ပေမဲ့ အဆင်ပြေတဲ့ရလဒ်တစ်ခုဖြစ်ကြောင်း ပွဲပြီးမှာပြောပါတယ်။

အမှတ်ပေးဇယားထိပ်ဆုံးကဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ဒီပွဲမှာ နှစ်မှတ်လျော့ခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးထက်တစ်ပွဲပိုကစားပြီး ၆ မှတ်သာကွာဟတော့တာ ဖြစ်ပါတယ်။

7 days Ago
Up