close

နည်းပြ

close

April 7, 2023

နည်းပြမော်ရင်ညိုကို အမြင့်မားဆုံးလုပ်ခလစာဖြင့် ဆော်ဒီလက်ရွေးစင်အသင်း ကမ်းလှမ်း

ဆော်ဒီအာရေဗျလက်ရွေးစင်အသင်းဟာ နည်းပြ မော်ရင်ညိုကို ခေါ်ယူခန့်အပ်ဖို့အတွက် အမြင့်မားဆုံး လုပ်ခလစာနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

လက်ရှိအချိန်မှာ အီတလီစီးရီးအေကလပ် ရိုးမားအသင်းကို တာဝန်ယူနေတဲ့ မော်ရင်ညိုကို ဆော်ဒီအသင်းက တနှစ်လုပ်ခ ပေါင် ၅၂ သန်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း အီတလီသတင်းစာ ကော်ရီယာဒယ်လိုစပေါ့က ဖော်ပြခဲ့ပါတယ်။

ပေါင်သန်း ၁၀၀ ကျော်တဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မော်ရင်ညိုဘက်က လက်ခံမယ်ဆိုရင် ကမ္ဘာ့လုပ်ခအများဆုံးနည်းပြ ဖြစ်လာမှာပါ။

မော်ရင်ညို လက်ရှိကိုင်တွယ်နေတဲ့ ရိုးမားအသင်းဟာ သူလိုချင်တဲ့ ကစားသမား အရေအတွက်ရဖို့ အဆင်မပြေဖြစ်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့လည်း မရေမရာ ဖြစ်နေတာပါ။

မော်ရင်ညိုဟာ ရိုးမားနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပြီး ဆော်ဒီရဲ့ မက်မောဖွယ်ရာ ကမ်းလှမ်းချက်ကို လက်ခံစဉ်းစားဖို့ ရှိနေပါတယ်။

2 weeks Ago

February 25, 2023

တန်ဟတ်ဂ်ဟာ အများနှင့်မတူညီသည့် နည်းပြဖြစ်ဟု မက်ဂွဲယားချီးကျူး

အသင်းနည်းပြတန်ဟတ်ဂ်ဟာ တခြားသူတွေနဲ့ မတူညီတဲ့ နည်းပြဖြစ်တယ်လို့ နောက်ခံလူ မက်ဂွဲယားက ချီးကျူးပြောပါတယ်။

အသင်းခေါင်းဆောင်မက်ဂွဲယားဟာ နည်းပြတန်ဟတ်ဂ် လက်ထက်မှာ တတိယဦးစားပေး နောက်ခံလူအဖြစ် အသုံးပြုခံနေရပေမယ့် တန်ဟတ်ဂ်အပေါ် အကောင်းမြင်ပေးပြီး ချီးကျူးခဲ့တာပါ။

သူဟာ ပုံမှန်တွေ့နေကျ နည်းပြတွေနဲ့မတူဘဲ ထူးခြားတဲ့ ခံယူချက်ရှိတဲ့ နည်းပြဖြစ်ကြောင်း၊ ဒီရာသီမှာ သူ့ရဲ့ တွေးခေါ်သုံးသပ်မှုတွေဟာ အလုပ်ဖြစ်တယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်ကြောင်း မက်ဂွဲယားကချီးကျူးခဲ့တာပါ။ 

“သူလုပ်တဲ့အရာတွေနဲ့ ပြောသမျှအရာတွေ အားလုံးမှာ တောင်းဆိုမှုတွေ အတော်လေးများတယ်။ လေ့ကျင့်ရေးမှာပဲဖြစ်ဖြစ်၊ ဘောလုံးပေးပို့မှုလုပ်ချိန်မှာပဲ ဖြစ်ဖြစ် လွဲချော်မှုဖြစ်လိုက်တာနဲ့ သူက တခါတည်းရောက်လာပြီး သူလိုချင်တာကို တောင်းဆိုတတ်တယ်။ သူက မြင့်မားတဲ့ အဆင့်အတန်းပဲလိုချင်တဲ့သူဖြစ်တယ်”လို့ မက်ဂွဲယားက ပြောပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်းတစ်ဦးအနေနဲ့ တနင်္ဂနွေနေ့ ဗိုလ်လုပွဲစဉ်မှာ ဆုဖလားကိုင်မြှောက်ခွင့်ရဖို့က အိပ်မက်တစ်ခုဖြစ်ပြီး ပထမဆုံးဆုဖလားလည်းဖြစ်ကြောင်း မက်ဂွဲယားက ပြောသွားပါတယ်။ 

2 months Ago
Up