close

နတ်ဆရာ

close

April 8, 2023

အင်ဒိုနီးရှားတွင် နတ်ဆရာတဦး၏ခြံထဲ လူသေအလောင်းများတွေ့

အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ နတ်ဆရာအဖြစ် အသက်မွေးတဲ့ အမျိုးသားတဦးရဲ့ ခြံဝင်းထဲမှာ လူသေ အလောင်းတွေကို တွေ့ရှိခဲ့ပြီးနောက်မှာ အဲဒီလူကို လူ ၁၂ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလအစောပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ လူသတ်မှုနဲ့ တရားစွဲခဲ့ပါတယ်။ 

အသက် ၄၅ နှစ်အရွယ် ဆလာမက် တိုဟာရီဟာ သူ့ဖောက်သည်တွေကို ငွေအမြောက်အမြား ပွားများအောင် အစီအရင်တွေသုံးပြီး လုပ်ပေးမယ်လို့ ကတိပေးခဲ့တာပါ။ 

တိုဟာရီက သူတို့ရဲ့ငွေတွေကို ရူပီယာ သန်း ၇၀ ကနေ ရူပီယာ ၅ ဘီလီယံအထိ ပွားပေးမယ်လို့ ကတိပြုထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

တိုဟာရီက ၂၀၂၀ ခုနှစ်မှာ သူ့ရဲ့ဖောက်သည်တွေကို သတ်ပစ်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

နတ်ဆရာ တိုဟာရီ အဖမ်းမခံရခင်မှာ သေဆုံးသွားသူတွေထဲက တယောက်ဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ် ပါယန်တိုဟာ တိုဟာရီဆီမှာ သူ့ပိုက်ဆံတွေကို ပြန်တောင်းဖို့ သွားရောက်ခဲ့ ပြီးနောက်မှာ သားဖြစ်သူက သူ့အဖေ ပျောက်ဆုံးနေကြောင်း သတင်းပေးပို့ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ နတ်ဆရာ တိုဟာရီ ဟာ ငွေအတုပြုလုပ်မှု ရာဇ၀တ်မှုတွေနဲ့ အကြိမ်ကြိမ် အဖမ်းခံရဖူးသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာလည်း ပီကာလွန်ဂန်မှာ ငွေအတုလုပ်တဲ့ အမှုနဲ့ပဲ ထောင်ချခံခဲ့ရကြောင်း သိရပါတယ်။ 

13 hours Ago

June 12, 2022

ပီရူးဘောလုံးအသင်း သြစတြေးလျကိုအနိုင်ရပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရရေး နတ်ဆရာများဆုတောင်း

ပီရူးနတ်ဆရာတွေဟာ လာမယ့် ဇွန်လ ၁၃ ရက် သြစတြေးလျနဲ့ ယှဉ်ပြိုင်ရမယ့် နိုင်ငံအသင်းကို အနိုင်ရဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။

သာမန်အထည်တွေ ဝတ်ဆင်ထားတဲ့ အန်ဒီယမ်-တိုင်းရင်းကုနတ်ဆရာတွေဟာ ပီရူးမြို့တော်မှာ ထူးခြားဆန်းပြားတဲ့ အခမ်းအနားတွေကို စီမံဆောင်ရွက်နေချိန်မှာ ပြိုင်ဘက်အသင်းနှစ်သင်းလုံးရဲ့ ပိုစတာတွေနဲ့ အင်္ကျီတွေကို အသုံးပြုခဲ့ပါတယ်။

ပီရူးဟာ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်ပီရူး နတ်ဆရာကြီး ဝလ်တာအလာကွန်က ပြောပါတယ်။ 

ဒါ့အပြင် ခွေးချစ်သူတွေကလည်း နိုင်ငံအသင်းကို ထောက်ခံအားပေးဖို့ ချီတက်ပွဲမှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ခွေးပိုင်ရှင်တွေဟာ ဘောလုံးကစားသမားတွေလို ဝတ်ဆင်ထားတဲ့ သူတို့ရဲ့အိမ်မွေးအချစ်တော်လေးတွေနဲ့အတူ စင်ပေါ်မှာတက်ပြီးလည်း တက်လျှောက်ခဲ့ကြပါတယ်။ 

10 months Ago
Up