close

နောင်ချို

close

February 23, 2023

နောင်ချိုအခြေစိုက် စစ်ကောင်စီတပ်ရင်း တိုက်ခိုက်ခံရပြီး အရာရှိ ၂ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ ခမရ-၁၁၄ တပ်ရင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်အရာရှိ ၂ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင် PDF က ထုတ်ပြန်ပါတယ်။

PDF (Pyin Oo Lwin) ရဲ့ မဟာမိတ်ဖြစ်တဲ့ ရှမ်းမြောက်မဟာမိတ်တပ်ပေါင်းစုကနေ ဖေဖော်ဝါရီ ၂၁ ရက် ည ၁၂ နာရီခွဲလောက်က နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ တပ်မ-၅၅ လက်အောက်ခံ ခမရ-၁၁၄ တပ်ရင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခမရ-၁၁၄ အရာရှိရိပ်သာမှာ လားရှိုးမြို့ ခလရ-၆၈ က ရောက်ရှိနေတဲ့ ဗိုလ်နှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှုကို စုံစမ်းဆဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နောင်ချိုမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေကြား တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး အခုပစ်ခတ်မှုနဲ့ အရာရှိ ၂ ဦးသေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

9 mins Ago

December 30, 2022

နောင်ချိုမြို့နယ်အစပ်တွင် PDF ၈ ဦး ပစ်သတ်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မတ္တရာမြို့နယ်အစပ်ရှိ နဂါးချောင်းအနီးမှာ ပစ်သတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၈ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့  တာဝန်နဲ့ ခရီးထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ထိပ်တိုက်တွေ့ဆုံပြီး ပစ်သတ်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သေဆုံးသူတွေက PDF တွေလို့သိထားပါတယ်။ စစ်တပ်က အဲဒီဘက်တကြောမှာ PDF တွေ ရှိတာ သိထားတာဒါကြောင့် ကင်းပတ်ကြတာပါ။ အဲ့ဒီမှာ ထိပ်တိုက်တွေ့ပြီး ရက်ရက်စက်စက် ပစ်သတ်ခံလိုက်ရတာ။ ဘယ်အဖွဲ့ အစည်းက PDF လည်းဆိုတာတော့ အတည်ပြုလို့ မရသေးဘူး" 

သတ်ဖြတ်ခံလိုက်ရတဲ့ PDF တွေနဲ့ ပတ်သက်ပြီး အဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအနီး ဆိုင်ကယ် ၄ စီး နဲ့ PDF ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။

2 months Ago
Up