close

ပင်နယ်တီ

close

April 19, 2023

အာဆင်နယ် ချန်ပီယံမဖြစ်ခဲ့ပါက ဆာကာ ပင်နယ်တီလွဲမှုက အမှတ်တရဖြစ်လိမ့်မည်ဟု ဒေးဗစ်ဆီးမင်း ပြော

အာဆင်နယ်အသင်း အခုနှစ် ချန်ပီယံမဖြစ်ခဲ့ရင် ဝက်စ်ဟမ်းနဲ့ပွဲမှာ ဆာကာ ပင်နယ်တီမဝင်ခဲ့တာက အမှတ်ရစရာ အခိုက်အတန့် ဖြစ်စေလိမ့်မယ်လို့ ဂိုးသမားဟောင်း ဒေးဗစ်ဆီးမင်းက ပြောပါတယ်။

အာဆင်နယ်ဟာ အဲဒီပွဲစဉ်မှာ ပင်နယ်တီရခဲ့ပြီး ဝင်အောင်ကန်သွင်းနိုင်ခဲ့မယ်ဆိုရင် ၃ ဂိုး ၁ ဂိုး ရလဒ်နဲ့ ဦးဆောင်နိုင်မှာဖြစ်ပေမဲ့ လွဲချော်ခဲ့တာပါ။

အဲဒီနောက် မိနစ်ပိုင်းအတွင်းမှာပဲ ဝက်စ်ဟမ်းက ချေပဂိုးရသွားပြီး ၂ ဂိုးစီ သရေကျခဲ့ရတာပါ။ ဆာကာအနေနဲ့ ပင်နယ်တီမဝင်ခဲ့တာက အလှည့်အပြောင်းဖြစ်ခဲ့ပြီး ချန်ပီယံသာ မဖြစ်ခဲ့ဘူးဆိုရင် အမှတ်ရစရာ အခိုက်အတန့်တခုအနေနဲ့ ပြန်လည်သတိရနေကြလိမ့်မယ်လို့ ဂိုးသမားဟောင်း ဆီးမင်းက ပြောပါတယ်။

ဒါပေမဲ့ ချန်ပီယံမျှော်လင့်ချက်က ပြီးဆုံးသွားတာမဟုတ်ဘဲ အာဆင်နယ်အသင်း ရယူနိုင်ဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ကြောင်း ဒေးဗစ်ဆီးမင်းက ပြောသွားပါတယ်။

2 days Ago

March 12, 2023

ပင်နယ်တီဝင်ခဲ့ပါက ပွဲအဖြေပြောင်းလဲနိုင်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်သုံးသပ်

ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဝင်အောင်ကန်သွင်းနိုင်ခဲ့မယ်ဆိုရင် ပွဲအဖြေ ပြောင်းလဲနိုင်ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကပြောပါတယ်။

လီဗာပူးဟာ ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။  ဒုတိယပိုင်းမှာ ချေပဂိုးဖြစ်စေမယ့် ပင်နယ်တီရရှိခဲ့ပေမယ့် ဆာလာက ဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိခဲ့တာပါ။

နည်းပြကလော့ပ်ကတော့ ဆာလာသာ ပင်နယ်တီဝင်အောင်ကန်သွင်းနိုင်ခဲ့မယ်ဆိုရင် ပွဲအဖြေ ပြောင်းလဲသွားနိုင်ကြောင်း ပွဲအပြီးမှာ သုံးသပ်ခဲ့တာပါ။

“ဆာလာဟာ ဂိုးတွေအများကြီးသွင်းခဲ့တဲ့သူပါ။ ဒီတစ်ကြိမ်မှာတော့ ပင်နယ်တီကိုလွဲချော်ခဲ့တယ်။ ဒါကဘောလုံးလောကမှာဒီလိုပါပဲ” လို့ နည်းပြ ကလော့ပ်ကပြောပါတယ်။

လီဗာပူးအသင်းအနေနဲ့ ဘုန်းမောက်ခံစစ်ပိုင်းမှာ နေရာလွတ်တွေအများကြီးရှိနေပေမယ့် အသုံးချနိုင်ခြင်းမရှိခဲ့ကြောင်းလည်း နည်းပြကလော့ပ်က ပြောသွားပါတယ်။ 

1 month Ago
Up