လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ ပီအက်စ်ဂျီဥက္ကဋ္ဌ အယ်လ်ခါလီဖီကပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုနေတာပါ။
ရက်ရှ်ဖို့ဒ်လို ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခြေအနေက ကလပ်အသင်းတိုင်းကို စိတ်ဝင်စားစေနိုင်ပြီး ပီအက်စ်ဂျီအသင်းကလည်း ဖုံးကွယ် မထားချင်ကြောင်း အယ်လ်ခါလီဖီကပြောပါတယ်။
ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခါလီဖီက “ဒီအချိန်မှာ ကမ္ဘာ့ဖလားကို အာရုံစိုက်စေချင်လို့ ကျနော်တို့ စကားပြောသေးမှာမဟုတ်ပါဘူး။ လာမယ့် နွေရာသီမတိုင်ခင်ဆွေးနွေးတာက နှစ်ဖက် စလုံးအတွက် အချိန်ကောင်း မဟုတ်သေးဘူးလို့ထင်တယ်။ ဒါကြောင့် လာမယ့်နွေရာသီမှာဆိုရင်တော့ ဘာကြောင့်မဖြစ်နိုင်ရမလဲ”လို့ ပြောပါတယ်။
ရက်ရှ် ဖို့ဒ်ဘက်ကတော့ အသင်းပြောင်းရွှေ့ဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ရဖွယ်ရှိပါတယ်။