close

ဖမ်းဆီးခံရ

close

April 30, 2023

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမား ၂၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်က ဆောက်လုပ်ရေးခွင်ထဲမှာ အထောက်အထားမဲ့  မြန်မာအလုပ်သမား ၂၃ ဦးကို ဧပြီ ၂၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းသတင်းဌာနက ဖော်ပြထားပါတယ်။

စမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီဒေသကတံတားအနီးမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားမဝင် မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတယ်လို့ သတင်းရရှိခဲ့တဲ့အတွက် ထိုင်းလဝကနဲ့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ မြန်မာနိုင်ငံသား အထောက်အထားမဲ့ ၂၃ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဘန်ဖလီဒေသလဝက ရဲမှူးကြီးကိုယ်တိုင်ဦးဆောင် စစ်ဆေးရာမှာ အလုပ်သမားအများအပြား ထွက်ပြေးသွားခဲ့ကြပြီး ဖမ်းဆီးမိသူတွေမှာ အလုပ်လုပ်ကိုင်ခွင့်အထောက်အထား တစုံတရာမတွေ့ရှိခဲ့ဘူးလို့ ဒေသတွင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

စစ်ဆေးချက်အရ အဲဒီလုပ်ငန်းခွင်က အလုပ်သမားခေါင်းဆောင်ဟာ တရုတ်နိုင်ငံသား အလည်အပတ်ဗီဇာနဲ့ လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံသားအယောက်ဆောင်က အလုပ်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်မြန်မာနိုင်ငံသား ၂၃ ဦးနဲ့ အလုပ်သမားခေါင်းဆောင် တရုတ်နိုင်ငံသားတို့ကို ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေအရအရေးယူနိုင်ဖို့ ဘန်ဖလီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း ဖက်တလုန်းခရိုင်နဲ့ ကန်ချနာပူရီခရိုင်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသားအယောက် ၇၀ ကို ဖမ်းဆီးရမိခဲ့ပြီး တပတ်အတွင်း တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ လောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

1 day Ago

April 24, 2023

ခရမ်း PDF ၆ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း  ခရမ်းမြို့နယ်ထဲက ခရမ်း PDF ၆ ယောက် ဧပြီ ၂၂ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ခရမ်း PDF တာဝန်ရှိသူက ပြောပါတယ်။

“စစ်ဆင်ရေးက ခရမ်းမှာလုပ်ပြီး ခရမ်းမှာနေစရာမရှိတော့ ရန်ကုန်တက်နေတာ  ဝပ်ကျင်းနေရာမှာ အဝိုင်းခံရပြီး စစ်ကောင်စီရဲ့လက်ချက်နဲ့ ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေဆီကနေ ဆက်စပ်သူတွေကို စုံစမ်းဖော်ထုတ်နေတော့ သက်ဆိုင်သူတွေကို ရှောင်တိမ်းထားကြဖို့ ထုတ်ပြန်ချက်ကနေလည်း သတိပေးထားတယ်။ လက်ရှိ အဖမ်းခံရတဲ့ရဲဘော်တွေကို ခရမ်းမှာပဲထားပါတယ် သူတို့ကိုခေါ်ပြီး နေရာတွေလိုက်ပြခိုင်းတာမျိုး ရှိပါတယ်။ ဖမ်းခံရတာကြိုသိတော့ ရှောင်ခိုင်းထားရတယ်။” 

ရဲဘော် ၆ ယောက်နဲ့ပတ်သက်ပြီး ပြည်သူတွေတော့ ဖမ်းခံရတာမျိုးမရှိသေးပေမယ့် အိမ်တွေဝိုင်းတာတော့ရှိတယ်လို့ ခရမ်း PDF က တာဝန်ရှိသူက ပြောပါတယ်။

ခရမ်းမြို့မှာ စစ်ကောင်စီတပ်တွေက အခုရက်ပိုင်းအတွင်း မသင်္ကာတဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 week Ago
Up