close

ဖြူးမြို့နယ်

close

January 19, 2023

ဖြူးမြို့နယ် စိုက်ပျိုးရေးဘဏ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဝန်ထမ်း ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် လယ်ယာစိုက်ပျိုးရေးဘဏ်ကို မနေ့ ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီလောက်မှာ ပြတင်းပေါက်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ Non CDM ဘဏ်ဝန်ထမ်း အမျိုးသမီးတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပ.က.ဖ အဖွဲ့ထံက သိရပါတယ်။

မြို့နယ်ထဲက တောင်သူလယ်သမားတွေ စီးပွားရေး ကျပ်တည်းနေတဲ့အချိန်မှာ စိုက်ပျိုးရေးဘဏ်ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေကို ခြိမ်းခြောက်တောင်းခံနေတာကြောင့် ပထမအကြိမ် သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့  ဖြူးမြို့နယ် ပ.က.ဖ တာဝန်ခံ ဗိုလ်ထိန်လင်းက ဒီဗွီဘီကိုပြောပါတယ်။

“အဲဒီဘက်ဝန်ထမ်းတွေအနေနဲ့ စီးပွားရေးအကျပ်အတည်း ဖြစ်နေတဲ့ တောင်သူလယ်သမားတွေဆီကနေ ချေးငွေတွေကို ဆက်လက်ပြီး အတင်းအဓမ္မ ခြိမ်းခြောက် တောင်းခံတာတွေ ပြုလုပ်ပါက ထပ်မံတိုက်ခိုက်သွားမယ်။”

အခုအချိန်ဟာ ပြည်သူတရပ်လုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်သလို ဖြူးမြို့နယ်ထဲမှာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြတယ်လို့ သတင်းရထားပြီး အရေးယူသွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ အဲဒီလောင်းကစားဝိုင်းတွေကို မပြုလုပ် မသွားလာကြဖို့ကိုလည်း သတိပေးထားပါတယ်။

6 days Ago

November 9, 2021

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲ ၅ ဦး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၁၀ အနီးက စေတီတစ်ထောင် ရဲကင်းစခန်းကို နိုဝင်ဘာ ၉ ရက် ဒီနေ့မနက်စော ၃ နာရီခွဲဝန်းကျင်က တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်  ၅  ယောက်  သေဆုံးသွားပါတယ်။

''ရဲတပ်ဖွဲ့ဝင် လေးယောက်ကတော့  ပွဲချင်းပြီးဆုံးသွားတယ်။ တယောက်ကတော့ နောက်မှ ဆုံးသွားတယ်။ စခန်းမှာထားတဲ့ လက်နက်တွေလည်း ပါသွားတယ်ဗျ'' လို့ အမြန်လမ်းမှာ တာဝန်ကျတဲ့ ရဲတပ်သားတဦးက အတည်ပြုပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “စေတီတစ်ထောင် ရဲကင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ရဲ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးကတော့ အပြင်းအထန် ဒဏ်ရာရသွားတယ်။ သေနတ်အရှည် ၂ လက်လည်း သိမ်းယူလာတယ်။ ကျွန်တော်တို့ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး” လို့ ပြောဆိုပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ စစ်ဆေးနေဆဲ ဖြစ်ပြီး အထက်အမိန့်မရသေးလို့ မဖြေဆိုနိုင်သေးဘူးလို့  ဒီဗွီဘီရဲ့မေးမြန်းမှုကို တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေဆိုပါတယ်။

1 year Ago
Up