လီဗာပူးအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ပြတ်သားတဲ့ရလဒ်နဲ့ ပြန်လာ နိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း နောက်ခံလူဗန်ဒိုက်က ပြောပါတယ်။
လီဗာပူးအသင်းဟာ မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ပထမအကျော့ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၅ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့မှာကစားရမယ့် ရီးရဲလ်အိမ် ကွင်းမှာ ပြန်လာနိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း ဗန်ဒိုက်ကသုံးသပ်ခဲ့တာပါ။
၃ ဂိုးပြတ် ပြန်လည်ရရှိဖို့ မဖြစ်နိုင်သလောက်ဆိုပေမဲ့ အသင်းရဲ့ ဂုဏ်သိက္ခာအတွက် ပေးဆပ်ကစားဖို့တော့ ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ အရေးကြီးဆုံးအချက်က မက်ဒရစ်နဲ့ပွဲကို သင်ခန်းစာယူပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ထပ်မဖြစ်ဖို့ အရေးဖြစ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာမယ့် မတ်လ ၁၅ ရက်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ဒဏ်ရာပြဿနာတွေကြောင် အနားယူခဲ့ရတဲ့ လီဗာပူးတိုက်စစ်မှူး ဖေမီနိုနဲ့ နောက်ခံလူဗန်ဒိုက်တို့ နှစ်ဦးဟာ အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။
ဒါဟာ ဒဏ်ရာရကစားသမားတွေများပြားနေတဲ့ အသင်းနဲ့ နည်းပြယာဂန်ကလော့ပ်တို့အတွက် စိတ်သက်သာရာရစေခဲ့ပါတယ်။
သူတို့ နှစ်ဦးဟာ ကြာသပတေးနေ့က အသင်းရဲ့ AXA လေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ အတူ လေ့ကျင့်ခဲ့ကြတာပါ။
အသင်းလိုက် လေ့ကျင့်ခန်းတွေတော့ လိုက်မလုပ်ခဲ့ကြပေမယ့် ဒီတစ်ပတ် ပွဲစဉ်တွေမှာ အရန်ခုံတန်းမှာပါလာဖို့ရှိပါတယ်။ လစ်ဗာပူးအသင်းမှာ တိုက်စစ်ပိုင်းက လူးဝစ်ဒီယက်ဇ်နဲ့ ဂျိုတာတို့ ဟာလည်း ဒဏ်ရာကိုယ်စီရခဲ့လို့ အနားယူနေရပါတယ်။