ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမှာ ဆိုးရွားလှတဲ့ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ဧပြီ ၁၀ ရက်က မြို့လေထုအရည်အသွေးညွှန်းကိန်း(AQI)ဟာ ၁၆၁ အထိ မြင့်တက်နေတာကြောင့် ကျန်မာရေးအရ ထိခိုက်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
ဟနွိုင်းမြို့ နေထိုင်သူတစ်ဦးဖြစ်တဲ့ ငုယင်အန်ဘတ်က" ဒီလို ကောင်းမွန်အေးမြလှတဲ့ ရာသီဥတုအောက်မှာတောင် လမ်းလျှောက်ထွက်ရတာက လုံခြုံမှုမရှိသလို ခံစားရတယ် "လို့ ဆိုပါတယ်။
ဟနွိုင်းမြို့လည်က နာမည်ကြီး ဟွမ်န်ကီယမ် ရေကန်မှာဆိုရင်လည်း မီးခိုးမြူတွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့ရပါတယ်။
လက်ရှိအချိန်မှာ ဟနွိုင်းမြို့က PM 2.5 အရွယ်အစား လေထုအမှုန်ပါဝင်မှုဟာ အထိရှိနေတာကြောင့် ကမ္ဘာ့ကျန်းမားရေးအဖွဲ့ (WHO)ရဲ့ လေထုအရည် အသွေးဆိုင်ရာ နှစ်စဉ်အညွှန်းကိန်းတန်ဖိုးထက် ၁၇ ဆ ပိုမိုများပြားနေတာပါ။
ဟနွိုင်းမြို့မှာ ၈ သန်းကျော် အထိရှိတဲ့ စက်တပ်မော်တော်ယာဉ်တွေရဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုကြောင့် အခုလို လေထု အရည်အသွေး ဆိုးရွားနေတာဖြစ်သလို စိုက်ပျိုးခင်းတွေကို မီးရှို့မှုကြောင့်လည်း ဖြစ်တယ်လို့ ဆွစ်ဇာလန် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ IQAir အရ သိရပါတယ်။ I
ဗီယက်နမ်အာဏာပိုင်တွေဟာ မတ်လ ၂၀ ရက်က အင်ဂိုလာနိုင်ငံကနေ မှောင်ခိုသွင်းလာတဲ့ ဆင်စွယ် ၇ တန်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါဟာ နှစ်ပေါင်းများစွာအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း အများဆုံး ဖမ်းဆီးရမိတဲ့အမှုလို့ အစိုးရက ပြောပါတယ်။
ဆင်စွယ်ကုန်သွယ်မှုဟာ ဗီယက်နမ်မှာ တရားမဝင်ပေမဲ့ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားမှု ကျယ်ပြန့်နေဆဲပါ။ နိုင်ငံထဲ ခိုးသွင်းလာတဲ့ တခြားပစ္စည်းတွေထဲမှာ သင်းခွေချပ်အကြေးခွံတွေ၊ ကြံ့ချိုတွေနဲ့ ကျားအသေကောင်တွေ ပါပါတယ်။
ဟိုင်ဖုန်းမြို့မှာ တနင်္လာနေ့က အကောက်ခွန်အာဏာပိုင်တွေဟာ မြေပဲအဖြစ် ကြေညာထားတဲ့ ကွန်တိန်နာထဲမှာ ဝှက်ထားတဲ့ ဆင်စွယ်ကို တွေ့ခဲ့တယ်လို့ အစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လကလည်း မြို့တော်ရဲ့ လက်ဟူယန်ဆိပ်ကမ်းမှာ အာဖရိကဆင်စွယ် ကီလိုဂရမ် ၆၀၀ ကျော်ကို ရှာတွေ့ခဲ့ပါသေးတယ်။
ဆင်စွယ်နဲ့ ကြံ့ချိုတွေ အပါအဝင် အာဖရိက မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်အစိတ်အပိုင်း ၁၀ တန်နီးပါးကို မှောင်ခိုကူးမှုနဲ့ ဗီယက်နမ်တရားရုံးတခုက အမျိုးသားတဦးကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအမှုကို ဆက်လက်စုံစမ်းနေတယ်လို့ အစိုးရက မတ် ၂၀ ရက်မှာ ပြောပါတယ်။