close

ဗုံး ၄ လုံး ပေါက်

close

May 21, 2021

မြင်းခြံမြို့၌ တပြိုင်တည်း ဗုံး ၄ လုံး ပေါက်ကွဲ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ  မေ ၂၁ ရက် ဒီနေ့ညနေပိုင်းက နေရာ ၄ နေရာ​ လောက်မှာ တပြိုင်တည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီညနေ ၅ နာရီလောက်က  ယမုံနာမုန့်တိုက်အနီး ဗုံးပေါက်ကွဲသလို  တဆက်တည်းမှာ ပုညသဟာယအနီးနဲ့ အေးကျင်းရပ်ကွက်ထဲအပါအဝင် နေရာ ၄ နေရာ​ လောက်မှာ ဗုံးပေါက်ကွဲ ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါပေါက်ကွဲမှုတွေကြောင့် လူတွေထိခိုက်သေဆုံးတဲ့သတင်းကတော့ မရရှိသေးပါဘူး။ 

မြင်းခြံမှာ မနက်စောစော အချိန်တွေလောက်ပဲ  စျေးသွားစျေးလာ ရှိနေပြီး မနက် ၁၀ နာရီ နောက်ပိုင်း လူသွားလူလာ ကင်းရှင်းပြီး မြို့က တိတ်ဆိတ်နေပါတယ်။

ညနေ အချိန်တွေနဲ့ ညအချိန်တွေမှာဆို ဗုံးပေါက်ကွဲမှုတွေ ရှိနေတာကြောင့်ရွာနီးချုပ်စပ်  သွားလာရေး မြင်းခြံမြို့ထဲ ဖြတ်သန်းသွားလာရေးအတွက် ခရီးသွားတွေ အခက်တွေ့နေပါတယ်။

6 mins Ago
Up