close

ဘဏ္ဍာရေးစည်းမျဉ်း

close

March 25, 2023

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဖြင့် အဲဗာတန်အသင်းကို ပရီးမီးယားလိဂ် စုံစမ်းစစ်ဆေး

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ အဲဗာတန်အသင်းကို ဘဏ္ဍာရေးစည်းမျဉ်းတွေချိုးဖောက်ခဲ့မှုနဲ့ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အဲဗာတန်အသင်းဘက်က စည်းမျဉ်းချိုးဖောက်မှုတွေကို အသေးစိတ်မထုတ်ပြန်ပေမဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် ဘောလုံးရာသီက အဲဗာတန်အသင်းရဲ့ ဘဏ္ဍာရေး ဆိုင်ရာချိုးဖောက်မှုတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ 

အဲဗာတန်အသင်းဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ  ပေါင် ၁၂၀  ဒသမ ၉ သန်း အရှုံးပေါ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါဟာ သုံးနှစ်တာ ကာလအတွင်းမှာ ပေါင် ၃၇၂ သန်းအထိ အရှုံးပြခဲ့တာဖြစ်ပြီး ပေါင် ၁၀၅ သန်းသာ အရှုံးပေါ်လို့ရတဲ့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့တာလို့ သိရပါတယ်။ 

အဲဗာတန်အသင်းဘက်ကတော့ သူတို့ရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို ပွင့်လင်းမြင်သာစွာနဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီကို နှစ်စဉ် တင်ပြခဲ့ကြောင်း၊  စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့ ကြောင်းကို ယုံကြည်မှုရှိစွာနဲ့ပြန်လည် ခုခံချေပ သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

တကယ်လို့ အပြစ်ထင်ရှားမယ်ဆိုရင်တော့ အဲဗာတန် အသင်းကို အမှတ်လျှော့ပြစ်ဒဏ်အပါအဝင် အပြောင်းအရွှေ့ပိတ်ပင်တာမျိုးတွေလည်း အရေးယူနိုင်တယ်လို့ သိရပါတယ်။

27 mins Ago

August 24, 2022

ဘဏ္ဍာရေးစည်းမျဉ်းနှင့် ပတ်သက်ပြီး အာဆင်နယ်စောင့်ကြည့်ခံနေရ

ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ပတ်သက်ပြီး ယူအီးအက်ဖ်အေရဲ့ စောင့်ကြည့်တာကို ခံနေရပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ဖွယ်ရှိတဲ့ ဥရောပက ကလပ်အသင်း ၂၀ ကို စောင့်ကြည့်လေ့လာနေပြီး သက်သေတွေရှိမယ်ဆိုရင် စုံစမ်းစစ်ဆေးတာမျိုး လုပ်လာနိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ငွေကြေးသုံးစွဲမှုအများဆုံးအသင်း ဖြစ်ခဲ့သလို အခုနှစ်ရာသီမှာလည်း ကစားသမားသစ်တွေကို ခေါ်ယူထားတာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့မှုနဲ့အတူ  ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ အာဆင်နယ်အသင်းက ပေါင် ၂၁၃ သန်းအထိ အရှုံးပေါ်ခဲ့ကြောင်း သတင်းထွက်နေတာပါ။

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ပေါင် ၂၅ သန်း လောက်ပဲ အရှုံးပြခွင့်ရှိတယ်လို့သိရပြီး အာဆင်နယ်အသင်းကို စုံစမ်းစစ်ဆေးလိမ့်မယ်လို့ ထင်ကြေးပေးနေကြတာပါ။

ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်တဲ့ဆုံးရှုံးမှုတွေ၊ အမျိုးသမီးဘောလုံးလောကနဲ့ အကယ်ဒမီအသင်းတွေမှာ ကျန်းမားရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာတော့ အရှုံးပေါ်ခွင့်ရှိလို့ အရေးယူစရာမလိုပါဘူး။

ဒါပေမဲ့ ဘယ်နေရာတွေကနေ အရှုံးပေါ်ခဲ့သလဲဆိုတာ တိတိကျကျ မထုတ်ပြန်သေးတာကြောင့် ယူအီးအက်ဖ်အေက အာဆင်နယ်ကို ဆက်လက်စောင့်ကြည့်ဖို့ရှိနေပါတယ်။

7 months Ago
Up