close

ဘိုင်ယန်မြူးနစ်

close

April 19, 2023

ဟာရီကိန်းဟာ အသက်ကြီးလွန်းသလို ဈေးလည်းကြီးလွန်းကြောင်း လိုသာမက်သီးယက်စ် သုံးသပ်

စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ အသက်ကြီးလွန်းသလို ဈေးလည်းကြီးလွန်းကြောင်း ဘိုင်ယန်ဂန္ထဝင် လိုသာမက်သီးယက်စ်က သုံးသပ်သွားပါတယ်။

လာမယ့်ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူးတဦး မဖြစ်မနေ ခေါ်ယူသွားဖို့ရှိရာမှာ အသင်းဂန္ထဝင် မက်သီးယက်စ်က သုံးသပ်သွားခဲ့တာပါ။

အသက် ၃၀ ပြည့်တော့မယ့် ဟာရီကိန်းအတွက် ပေါင်သန်း ၁၀၀ ပေးရမယ်ဆိုတာ လုံးဝမတန်တဲ့ဈေးဖြစ်ပြီး နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်ကတော့ အဆင်ပြေနိုင်ကြောင်း မက်သီးယက်စ်က ပြောပါတယ်။

ဒါပေမဲ့ ဈေးနှုန်းအရ စွမ်းဆောင်နိုင်မယ့် တိုက်စစ်မှူးကတော့ ဝါဒါဘရီမင်တိုက်စစ်မှူး နီကလပ်ဖူးခရက်ချ်ဖြစ်ပြီး ပေါင်သန်း ၂၀ လောက်နဲ့ တရာသီမှာ ၂၅ ဂိုးလောက်တော့ သွင်းယူပေးနိုင်လိမ့်မယ်လို့ လိုသာမက်သီးယက်စ်က သုံးသပ်သွားပါတယ်။

1 week Ago

April 13, 2023

အသင်းဖော်အား ထိုးကြိတ်ခဲ့သည့် မာနေးကို ဘိုင်ယန်မြူးနစ်အသင်း အရေးယူမည်

အသင်းဖော်ဆာနေးကို ထိုးကြိတ်ခဲ့တဲ့ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အရေးယူမှုခံရတော့ မယ်လို့သိရပါတယ်။

မန်စီးတီးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အချင်းချင်း ဆွေးနွေးငြင်းခုံကြရာမှာ ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဂျာမနီသတင်းစာ Bild ကဖော်ပြပါတယ်။

ဆာနေးဟာ မာနေးကို လေးစားမှုကင်းမဲ့တဲ့စကားပြောခဲ့တာကြောင့် မာနေးက လက်သီးနဲ့ ထိုးကြိတ်ခဲ့ရာမှာ ဆာနေးရဲ့နှုတ်ခမ်းပေါက်ပြဲသွားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ခိုက်ရန်ဖြစ်ပွားမှုကို အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေကလည်း ဝိုင်းဝန်း ဖျန်ဖြေခဲ့ရတယ် လို့သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဘက်ကတော့ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ မာနေးကို အရေးယူမှုပြုလုပ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Bild သတင်းမှာဖော်ပြပါ တယ်။

မန်စီးတီးကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မာနေးက ပွဲချိန် မိနစ်၇၀ ရောက်မှ လူစားဝင်ကစား ခွင့်ရခဲ့ပြီး ကန်သွင်းချက်တစ်ကြိမ်မှမရခဲ့ပေမဲ့ ပွဲထွက်ကစားခဲ့တဲ့ ဆာနေးက ဂိုးကန်သွင်းချက် ၅ ကြိမ် အထိရှိခဲ့တာဖြစ်ပါတယ်။

2 weeks Ago
Up