close

ဘီလာရုစ်နယ်စပ်

close

February 12, 2023

ဘီလာရုစ်နယ်စပ်တွင် ယူကရိန်း စစ်ရေးလေ့ကျင့်

ယူကရိန်းအစိုးရဟာ ဘီလာရုစ်နိုင်ငံနဲ့ နယ်စပ်က ရိဗ်ဒေသအတွင်း ဖေဖော်ဝါရီ ၁၁ ရက်က စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

စစ်ဝန်ထမ်းတွေဟာ အဆောက်အအုံတွေကို သိမ်းပိုက်တာ၊ ရန်သူရဲ့ ယာဉ်တန်းတွေကို ဟန့်တားတာ၊ လေထီးတပ်တွေကို တိုက်ခိုက်တာနဲ့ အတိမ်းအစောင်းမခံတဲ့ ပစ်မှတ်တွေကို ကာကွယ်တာတွေကို လေ့ကျင့်ခဲ့ ကြပါတယ်။

ရုရှားပြည်ထောင်စုရဲ့ ရန်လိုမှုကနေ ကာကွယ်ချိန်မှာ ကျနော်တို့ ရထားတဲ့ အတွေ့အကြုံတွေကို သုံးမယ်လို့ ယူကရိန်း ပူးပေါင်းတပ်ရဲ့ စစ်ဦးစီးမှူး ဆာဟီးယား နာယက်ဗ်က ပြောပါတယ်။

အစောပိုင်းကတော့ ရုရှားတပ်တွေဟာ သူ့ရဲ့ မဟာမိတ် ဘီလာရုစ်ကနေ ယူကရိန်း အနောက်မြောက်ဘက်ကို တိုက်ဖို့ ကြိုးစားနိုင်တယ်လို့ ယူကရိန်း အရာရှိတွေက ပြောခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနေရာမှာ တပ်ဖွဲ့တွေ လုံလောက်အောင် မရှိနေတာ ရှင်းနေလို့ အဲဒီ လမ်းကြောင်း ကနေ လာနိုင်စွမ်း ရှိမယ်ဆိုတာ သံသယ ရှိတယ်လို့ အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ အကြီးအကဲ အိုလက်ခ်စီ ဒါနီလာ့ဗ်က ပြောခဲ့ပါတယ်။

7 mins Ago

December 26, 2022

ဘီလာရုစ်နယ်စပ်အနီးတွင် ယူကရိန်း စစ်ရေးလေ့ကျင့်

ယူကရိန်းစစ်တပ်နဲ့ ယူကရိန်း အမျိုးသားအစောင့်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဘီလာရုစ်နိုင်ငံ နယ်စပ်နားက နေရာတခုမှာ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ယူကရိန်းစစ်တပ်ရဲ့ ပြန်ကြားရေးဌာနက ဒီဇင်ဘာ ၂၄ ရက်မှာ ဗီဒီယိုတခု ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ ယူကရိန်းစစ်မှုထမ်းတွေက အရေးကြီးတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေကို နည်းဗျူဟာမြောက် လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။

အဲ့ဒီဗီဒီယိုရိုက်ကူးခဲ့တဲ့ အချိန်ကိုတော့ ရိုက်တာသတင်းဌာနအနေနဲ့ သီခြား အတည်မပြုနိုင်ပါဘူး။

ဘီလာရုစ်နိုင်ငံကလည်း စစ်ရေးအရ အဆင်သင့်ဖြစ်မှု စစ်ဆေးတာနဲ့အတူ ရုရှားတပ်ဖွဲ့တွေကို နိုင်ငံတွင်း တပ်ဖြန့်ထားမှုတွေနဲ့ ပတ်သက်လို့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ပြီးခဲ့တဲ့အပတ်တုန်းက လေသံပစ်ထားတာပါ။

ရုရှားအနေနဲ့ အစောပိုင်းကာလတွေမှာ ယူကရိန်းစစ်ပွဲအတွင်း အောင်မြင်မှုမရရှိခဲ့တာကြောင့် ဘီလာရုစ်နိုင်ငံ ပိုင်နက်ကတဆင့် ယူကရိန်းအပေါ် တိုက်ခိုက်မှုအသစ် လုပ်ဆောင်ဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက အကြုံပြုခဲ့တဲ့အတွက် ယူကရိန်းဘက်က ဒီစစ်ရေးလေ့ကျင့်ခန်းကို ချက်ချင်းလုပ်ဆောင်ခဲ့တာပါ။

2 months Ago
Up