အီတလီထိပ်တန်းကလပ်တွေဟာ မန်ယူနောက်ခံလူ မက်ဂွဲယားကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အပြိုင် အဆိုင် စိတ်ဝင်စားနေကြပါတယ်။
မက်ဂွဲယားဟာ မန်ယူခံစစ်မှာ အမှားအယွင်းများနေပြီး လာမယ့်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်လည်းရ ရှိမှာမဟုတ်တာကြောင့် အသင်းပြောင်းရွှေ့ဖို့ရှိနေတာပါ။
မန်ယူအသင်းဘက်ကလည်း တစ်ပတ်လုပ်ခပေါင် ၁၉၀၀၀၀ ပေးနေရာတာကို လျှော့ချတဲ့အနေနဲ့ မက်ဂွဲယားကို ရောင်းထုတ်ဖို့ စီစဉ်ထားတယ်လို့ 90 mins သတင်းမှာဖော်ပြပါတယ်။
မက်ဂွဲယားကို ဂျူဗင်တပ်၊ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတွေက အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းလာဖို့ရှိနေပြီး မန်ယူအသင်းဘက်က အငှားစာချုပ်နဲ့အတူ အပြီးသတ်ရောင်းချခွင့်ပါ တပါတည်းထည့်သွင်းဖို့ ကမ်းလှမ်းမယ်လို့သိရပါတယ်။
အသက် ၃၀ ရှိလာတဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွဲယားဟာ ၂၀၁၉ ခုနှစ်က လက်စတာကနေပြောင်းရွှေ့လာသူဖြစ်ပြီး မန်ယူအတွက် စုစုပေါင်း ၁၇၂ ပွဲ ကစားထားပြီး ဖြစ်ပါတယ်။
နော်တမ်ဟမ်ဖောရက်စ်ကို အနိုင်ရတဲ့ပွဲမှာ မန်ယူနိုက်တက်နောက်ခံလူ မက်ဂွဲယားရဲ့ လက်ထိဘော ပင်နယ်တီမပေးခဲ့ရတာဟာ ကံကောင်းကြောင်း အသင်းကစားသမားဟောင်း ရွိုင်ကိန်းက ပြောပါတယ်။
မက်ဂွဲယားဟာ ခေါင်းခုန်တိုက်ပေမဲ့ လက်နဲ့ဘောလုံးထိခဲ့ပြီး VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ပင်နယ်တီမပေးဖို့ ဒိုင်လူကြီးက ဆုံးဖြတ်ခဲ့တာပါ။
အဲဒီလက်ထိဘောကို ပင်နယ်တီပေးလိုက်ရမယ်ဆိုရင်လည်း မက်ဂွဲယားအနေနဲ့ သိပ်ပြီး စောဒကတက်စရာရှိမှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ မက်ဂွဲယားအနေနဲ့ ယူရိုပါလိဂ်မှာ ကိုယ့်ဂိုးကိုယ် သွင်းမိပြီးနောက် ကံကောင်းမှုတစ်ခုနဲ့ ထိုက်တန်ကြောင်းရွိုင်ကိန်းကပြောပါတယ်။
မန်ယူ အသင်းဟာ တောင်ပံတိုက်စစ်မှူး အန်တိုနီနဲ့ နောက်ခံလူဒါလော့တို့က အနိုင်ဂိုးတွေသွင်းယူပေးခဲ့လို့ နော်တမ်ဟမ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ကာ အမှတ်ပေးဇယား တတိယ နေရာမှာ ရပ်တည်နေပါတယ်။