close

မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား

close

March 28, 2022

မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား ကိုလျှံဖြိုးအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

မကွေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်လိုက်လို့ ကိုယ်အင်္ဂါချို့ယွင်းသွားခဲ့ရတဲ့ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား ကိုလျှံဖြိုးအောင်ကို တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သူ့ရဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့  မကွေးမြို့ဆန္ဒပြပွဲမှဦ စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်းတာကြောင့် ကိုလျှံဖြိုးအောင်ရဲ့ ညာဘက်လက်တဘက်နဲ့ ညာဘက်မျက်လုံး တစ်လုံး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ကိုလျှံဖြိုးအောင်ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုပြီး ဇွန်လ ၇ ရက်နေ့မှာ ခုတင် ၁၀၀ စစ်ဆေးရုံကနေ မကွေးအကျဉ်းထောင်ကို ပို့ဆောင် ချုပ်နှောင်ထားခဲ့ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီရဲ့တရားရုံးက သူ့ကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာလို့ ကိုလျှံဖြိုးအောင်ရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ်  ကိုလျှံဖြိုးအောင်ဟာ မကွေးနည်းပညာ တက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာန ဒုတိယနှစ်မှာ ပညာသင်ကြားနေတာဖြစ်ပြီး စစ်အာဏာသိမ်းတာကို လက်မခံနိုင်လို့ ဆန္ဒပြတဲ့အချိန်မှာ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

1 year Ago

April 1, 2021

မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား ကိုကောင်းဆက်ဟိန်းအပါအဝင် ဖမ်းဆီးခံရသူ ၁၅ ဦး ပြန်လွတ်

မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား  ကိုကောင်းဆက်ဟိန်း အပါအဝင် အာဏာသိမ်း စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရသူ  ၁၅ ဦး ဧပြီလ ၁ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့မကွေးနည်းပညာတက္ကသိုလ်မှကျောင်းသား ကိုကောင်းဆက်ဟိန်း နေအိမ်သို့ ပြန်လည်ရောက်ရှိပြီလို့ မိသားစုအသိုင်းအဝန်းက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာပြီးနောက် နေအိမ်မှာ သီးခြားအခန်းပေးပြီးတော့ Home Quarantine ဝင်ခိုင်းထား​​​​ကာ လက်ရှိ သူ့ရဲ့ ကျန်းမာရေးအခြေ အနေကောင်းမွန်​နေတယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ တရားရင်ဆိုင်ရသူတွေအတွက် ဥပဒေအကူအညီပေးဖို့  မကွေးရှေ့နေတွေက  လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။

2 years Ago
Up