close

မန်ယူတိုက်စစ်မှူး

close

April 18, 2023

မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကိုခေါ်ယူနိုင်ရန် အေစီမီလန်အသင်း မေးမြန်းစုံစမ်း

အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းဟာ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကိုခေါ်ယူဖို့အတွက် မေးမြန်းစုံစမ်းခဲ့တယ်လို့သိရပါတယ်။

ဂရင်းဝုဒ်ဟာ အတူနေချစ်သူ အမျိုးသမီးနဲ့ အမှုအခင်းဖြစ်ပွားခဲ့ ပြီးနောက် မန်ယူအသင်းက လူစာရင်းကနေ ထုတ်ပယ်ခဲ့သလို အမှုကနေပြန်လွတ်လာချိန်မှာလည်း  မန်ယူအသင်းက အသုံးပြုခြင်းမရှိတော့ပါဘူး။

ဒီအခြေအနေကို အေစီမီလန်အသင်းက စုံစမ်းမေးမြန်းခဲ့ပြီး အဆင်ပြေမယ်ဆိုရင် ဂရင်းဝုဒ်ကို ခေါ်ယူသွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဂရင်းဝုဒ်ကို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်လည်း ပိတ်ပင်ထားလို့ ဆက်ပြီးအသုံးပြုဖို့ မသေချာတော့ပါဘူး။

ဂရင်းဝုဒ်အနေနဲ့လည်း ဘောလုံးပြန်ကစားခွင့်အတွက် တခြားအသင်းကို ပြောင်းရွှေ့မယ်ဆိုရင် လက်ခံစဉ်းစားနိုင်တယ်လို့ သိရပါတယ်။ 

6 mins Ago

December 27, 2022

မန်ယူတိုက်စစ်မှူး အီလန်ဂါကို ခေါ်ယူရန် အဲဗာတန်အသင်း ကြိုးပမ်း

မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အီလန်ဂါကို အဲဗာတန်အသင်းကခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

အသက် ၂၀ အရွယ် ဆွီဒင်ကြယ်ပွင့်ဟာ အခုနှစ်ရာသီမှာ ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတာပါ။ ပွဲတချို့မှာလည်း သူ့နေရာမှာ လူငယ်ကစားသမား ဂါနာချိုကိုသာ နည်းပြက ထည့်သွင်းအသုံးပြုမှုတွေရှိပါတယ်။

အဲဗာတန်အသင်းဟာ တန်းဆင်းဇုန်နဲ့ အမှတ်သိပ်မကွာ တော့တာကြောင့် တိုက်စစ်ပိုင်းဖြည့်တင်းတဲ့အနေနဲ့ အီလန်ဂါကို အငှားစာချုပ်နဲ့ခေါ်ယူလိုနေတာပါ။ 

အီလန်ဂါဟာ အခုနှစ်ရာသီမှာ  ပရီးမီးယားလိပွဲစဉ် ၁၀ပွဲ ကစားခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

4 months Ago
Up