close

မန်ယူနည်းပြတန်ဟတ်ဂ်

close

January 6, 2023

ဆုဖလားရယူရန် မစဉ်းစားဟု မန်ယူနည်းပြတန်ဟတ်ဂ် ပြော

အချိန်စောသေးတဲ့အတွက် ဆုဖလားရယူဖို့ စဉ်းစားထားခြင်းမရှိသေးကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်ကပြောသွားပါတယ်။

ယူနိုက်တက်နဲ့ ပထမဆုံးရာသီမှာ ဆုဖလားတစ်ခုခုရယူ နိုင်ဖို့  ချိန်ရွယ်ထားသလားဆိုတဲ့ မေးခွန်းအပေါ် နည်းပြတန်ဟတ်ဂ်ကပြန်လည်ဖြေကြားခဲ့တာပါ။   ပွဲစဉ်တွေအများကြီး ကစားရဖို့ရှိသေးတာကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေတွေကလွဲရင် ဆုဖလားရယူနိုင်ဖို့ မတွေးနိုင်သေးကြောင်း၊ တချိန်တည်းမှာပဲ တိုးတက်လာရမယ့် အစိတ်အပိုင်းတွေ ကျန်ရှိသေးကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

မန်ယူအသင်းဟာ ပြိုင်ပွဲစုံမှာ ၆ ပွဲဆက်တိုက်အနိုင်ရထားပြီး စနေနေ့မှာ အဲဗာတန်နဲ့ အက်ဖ်အေဖလားရှုံးထွက်ပွဲစဉ်ကို အိုးထရတ်ဖို့ဒ် အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။

3 weeks Ago

November 12, 2022

ဗန်ဒီဘိခ်ကို အငှားချတော့မည်မဟုတ်ဟု မန်ယူနည်းပြတန်ဟတ်ဂ် အတည်ပြု

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ကိုအငှားချတော့မှာမဟုတ်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

ဟော်လန်ကွင်းလယ်ကစားသမားဟာ  ပြီးခဲ့တဲ့နှစ် ရာသီဝက်ကာလကို အဲဗာတန်အသင်း အငှားထွက်ကစားခဲ့တာပါ။

လက်ရှိရာသီမှာလည်း ပွဲထွက်ခွင့်ပျောက်ဆုံးနေဆဲဖြစ်ပေမဲ့ တခြားအသင်းတသင်းဆီကို အငှားချဖို့မရှိတော့ဘဲ အသင်းမှာပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်သွားရမှာဖြစ်တယ်လို့ နည်းပြ တန်ဟတ်ဂ်ကပြောပါတယ်။

ဗန်ဒီဘိခ်ဟာ ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြင် ဗီလာနဲ့ လိဂ်ရှုံးထွက်ဖလားနဲ့  အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ၂ ပွဲစလုံးမှာ ပွဲထွက်ခွင့်ပြန်ရလာခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ မန်ယူအသင်းမှာ ကစားခွင့်သိပ်မရခဲ့လို့ ကမ္ဘာ့ဖလားကစားမယ့် ဟော်လန်အသင်း လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။ 

3 months Ago
Up