close

မန်ယူနည်းပြ

close

May 13, 2023

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးကို ထည့်တွက်စရာမလိုဟု မန်ယူနည်းပြ ပြော

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးအသင်းကို ထည့်တွက်စရာမလိုကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။ 

မန်ယူအသင်းဟာ လီဗာပူးထက် တပွဲလျော့အခြေအနေမှာ တမှတ်ပဲအသာရထားတာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးအသင်းရဲ့ ဖိအားပေးမှုအပေါ် မီဒီယာတွေက မေးမြန်းရာမှာတော့ ကိုယ်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရှိနေတာဖြစ်လို့ လီဗာပူးအသင်းကို ထည့်တွက်စရာမလိုအပ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောခဲ့တာပါ။ 

“လီဗာပူးအကြောင်းကို မေ့ထားရမှာအမှန်ပါပဲ။ ဒါက အရေးလည်းမကြီးပါဘူး။ အရာအားလုံးက ကျနော်တို့ လက်ထဲမှာရှိပြီး လီဗာပူးအသင်းအပေါ် မူတည်နေတာမဟုတ်ပါဘူး။ အရေးကြီးဆုံး အရာက မနက်ဖြန်မှာ ရင်ဆိုင်ရမဲ့ ပြိုင်ဘက် ဝုဗ်အသင်းပဲဖြစ်တယ်။ သူတို့က ခြေစွမ်း ကောင်းမွန်နေပြီး အဲဒီ အပေါ်မှာပဲ အာရုံစိုက်ထားရမှာပါ။”

မန်ယူအသင်းအနေနဲ့ ဝုဗ်အသင်းကို အနိုင်ရရှိမယ်ဆိုရင် လီဗာပူးကို ၄ မှတ်ဖြတ်နိုင်မှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ 

1 min Ago

April 24, 2023

မန်စီးတီးနှင့်တွေ့မည့် အက်ဖ်အေဗိုလ်လုပွဲက ခမ်းနားကြီးကျယ်သည့်ပွဲဖြစ်လာမည်ဟု မန်ယူနည်းပြပြော

မန်စီးတီးနဲ့ ကစားရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲဟာ ခမ်းနားကြီးကျယ်တဲ့ပွဲစဉ်ဖြစ်လာလိမ့် မယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟဂ်က ပြောပါတယ်။

မန်ယူအသင်းဟာ ဒီမနက်အစောပိုင်းကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။

မန်စီးတီးကတော့ စနေနေ့ကတည်းက ရှက်ဖီးယူနိုက်တက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကနေ စောင့်ကြိုနေခဲ့တာပါ။

နည်းပြအဲရစ်တန်ဟတ်ဂ်ကတော့ မန်စီးတီးနဲ့ ဗိုလ်လုပွဲစဉ်က ခမ်းနားကြီးကျယ်တဲ့ပွဲကြီးပွဲ ကောင်းဖြစ်လာမှာဖြစ်ပြီး ဗိုလ်လုပွဲမတိုင်ခင် တခြားပွဲစဉ်တွေကို အရင်ဦးဆုံးအာရုံစိုက်သွားဖို့ လိုအပ်ကြောင်း ပြောပါတယ်။

မန်ယူအသင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲကို ဇွန်လ ၃ ရက်မှာ ကစားရမှာ ဖြစ်ပြီး အဲဒီဗိုလ်လုပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို ကစားသွားရမှာပါ။

လာမယ့် ရာသီမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကလည်း အရေးပါကြောင်း နည်းပြ အဲရစ်တန်ဟတ်ဂ်ကပြောသွားပါတယ်။ 

3 weeks Ago
Up