အက်စ်တွန်ဗီလာအသင်းဟာ ဂိုးသမား မာတီနက်ဇ်အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေး ရရှိမယ်ဆိုရင် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ရာမှာ သူရဲကောင်းတဦးဖြစ်ခဲ့တဲ့ မာတီနက်ဇ်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမား စကာတင်စာရင်းမှာလည်း ပါဝင်နေတာပါ။
မာတီနက်ဇ်ကိုယ်တိုင်ကလည်း ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ကစားချင်တဲ့ဆန္ဒရှိတာကြောင့် ထိပ်တန်းအသင်းကြီးတသင်းက ကမ်းလှမ်းမယ်ဆိုရင် ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။
နည်းပြ အူနိုင်းအမ်မရီ အနေနဲ့လည်း မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ရောင်းချပြီး လာမယ့်ရာသီအတွက် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဗီလာအသင်းဟာ မာတီနက်ဇ်ကို ၂၀၂၀ ပြည့်နှစ်က အာဆင်နယ်ဆီကနေ ပေါင် ၁၆ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းနောက်ခံလူ မာတီနက်ဇ်ရဲ့ခြေစွမ်းအပေါ် မှားယွင်းစွာသုံးသပ်ခဲ့မိကြောင်း နောက်ခံလူဟောင်း ကာရေဂါကဝန်ခံစကားဆိုပါတယ်။
ဟော်လန်ကလပ် အိုင်းယက်စ်ကနေ မန်ယူအသင်းဆီပြောင်းရွှေ့လာချိန်က မာတီနက်ဇ်ဟာ အရပ် ၅ ပေ၉ လက်မပဲရှိတာကြောင့် ပရီးမီးယားလိဂ်ခြေစွမ်းပြနိုင်မှာမဟုတ်ကြောင်း ကာရေဂါက သုံးသပ်ခဲ့ဖူးတာပါ။
လက်ရှိအချိန်မှာတော့ မာတီနက်ဇ်ဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၆ ပွဲဆက်တိုက်ပွဲထွက်ကစားပြီး ခြေစွမ်းပြသနိုင် ခဲ့ပါတယ်။
ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ပါသေးတယ်။ လက်ရှိ အချိန်မှာတော့ မာတီနက်ဇ်ရဲ့ခြေစွမ်းက သူ့အပေါ်အံ့အားသင့်စေပြီး ထူးခြားတဲ့ ကစားသမားဖြစ် တယ်လို့ ကာရေဂါက ချီးကျူးပါတယ်။
ကစားသမားတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြပြီး အကောင်းဆုံးကစားသမားတွေဟာ အားနည်း ချက်တွေကို ဖုံးဖိထားနိုင်ကြောင်း၊ မာတီနက်ဇ်ရဲ့ ခြေစွမ်းဟာ အရင်က ဝေဖန်ခဲ့မှုတွေကို မှားယွင်းစေခဲ့ကြောင်း ကာရေဂါကပြောသွားပါတယ်။