close

မိုင်းဆတ်

close

February 22, 2023

ရှမ်းပြည်နယ် မိုင်းဆတ်တွင် ကျပ်ငွေ ၂ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးပြားနှင့် သေနတ်များ ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပုံတပ်ကျေးရွာရှိ နွားမွေးမြူရေးခြံနဲ့ ပါဟိုးကျေးရွာရှိ နွားခြံပိုင်ရှင် နေအိမ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က ကျပ်ငွေ ၂ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးပြား ၆၅ သိန်းနဲ့ သေနတ်၊ ကျည်ဆန်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီနေ့ ညနေ ၆ နာရီခွဲလောက်က ပုံတပ်ကျေးရွာမှာ နွားခြံအလုပ်သမား မအားချာနဲ့ မနာထီးတို့ နှစ်ယောက်ကို ၁၂ ဗို့ ပြောင်းချောသေနတ်တလက်၊ မူးယစ်ဆေးပြားအကြေ ၁၀၀ ဂရမ်နဲ့အတူ ဖမ်းမိခဲ့တာပါ။

ည ၇ နာရီမှာ ထုတ်ပြန်ချက်အရ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုးကျေးရွာနေ နွားခြံပိုင်ရှင်ဖြစ်သူ ဦးအားချာရဲ့ နေအိမ်မှာ မူးယစ်ဆေးပြား ၆၅ သိန်း၊ ပွိုင့် ၂၂ သေနတ် ၄ လက်၊ အမ် ‌၁၆ သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးပြားနဲ့ လက်နက်တွေ တွေ့ရှိတာကြောင့် နွားခြံအလုပ်သမား မအားချာ၊ မနာထီး အပါအဝင် အိမ်ရှင်ဖြစ်သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မနဲ့ မိုင်းဆတ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ ကျပ် ၁၅ ဒသမ ၉၂ ဘီဘီယံတန်ဖိုးရှိ မူးယစ်ဆေးပြား ၂၇ ဒသမ ၄ သန်း၊ အိုက်စ်ဆေးပြား ၅၈၀ ကီလို၊ ကဖင်း ၄ တန်တို့ကို ကား ၄ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

52 mins Ago

March 22, 2022

မိုင်းဆတ်မြို့နယ် မိုင်းနင်းကျေးရွာက မီးဘေးသင့် အိမ်ခြေ ၂၀ ကျော် အကူအညီလိုအပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်၊ မိုင်းနင်းကျေးရွာရှိ မီးဘေးသင့် အိမ်ခြေ ၂၀ ကျော်က ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံနေကြပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

မိုင်းနင်းကျေးရွာ မတ်လ ၂၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အိမ်ခြေ ၂၀ ကျော်မီးလောင်ဆုံးရှုံးပြီး အမျိုးသား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တာလို့ ဒေသတဦးက ဒီဗွီဘီကို ပြောပါတယ်။

"မီးလောင်တဲ့နေရာက ဈေးနားမှာပါ။ ဈေးဆိုင်ခန်းတချို့လည်း မီးထဲပါသွားပြီး တချို့ကတော့ ပစ္စည်းနည်းနည်း ပြန်ရသေးတယ်။ သူများအိမ်ကနေ စလောင်တာ အိမ်ခြေ ၂၀ ကျော်ထိ မီးကူးစက်သွားတယ်။ ရွာက မြို့နဲ့အလှမ်းဝေးတော့ လျှပ်စစ်မီးလည်း မရသေးဘူး။ မနက်အစော ထမင်းထချက်ရင်း လောင်တာဖြစ်နိုင်တယ်။”

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတော့ မသိရသေးဘဲ ဒဏ်ရာရတဲ့ လူနာကိုတော့ ကျိုင်းတုံဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး မီးလောင်ဆုံးရှုံးမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ပြည်သူတွေ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

11 months Ago
Up