close

မိုဒရစ်

close

August 28, 2022

စပါးကနေထွက်ခွာခဲ့မှု အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့ဟု မိုဒရစ်ပြော

စပါးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့မှုဟာ ဘဝရဲ့အကောင်းဆုံးဆုံးဖြတ် ချက်ဖြစ်ကြောင်း ကွင်းလယ်လူ မိုဒရစ်က ပြောပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ ၂၀၁၂ ခုနှစ်သြဂုတ်လက ရီးရဲလ်မက်ဒရစ်သင်းဆီ ပြောင်းရွှေ့လာတာပါ။

မက်ဒရစ်ကလပ်နဲ့ နှစ်ပါင်း ၁၀ နှစ်ကြာ ဖြတ်သန်းမှုကို နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင် စပါးကနေ ထွက်ခွာပြီး မက်ဒရစ်ကိုပြောင်းရွှေ့ခဲ့တာက အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်ခဲ့ကြောင်း မိုဒရစ်က ပြောပါတယ်။ 

ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကစားခွင့်ရဖို့က အိပ်မက်တခုဖြစ်ပြီး ဆက်လက်ကစားသွားချင် သေးကြောင်းလည်း တွစ်တာကနေတဆင့် မိုဒရစ်ကရေးသားခဲ့ပါတယ်။ 

မိုဒရစ်ဟာ အသက် ၃၆ နှစ် ရှိပြီဆိုပေမဲ့ ခြေစွမ်းပြသနေဆဲဖြစ်ပြီး ၂၀၂၃ခုနှစ်အထိ  စာချုပ်ချုပ် ဆိုထားပါတယ်။ 

7 months Ago
Up