close

မူဒရစ်ခ်

close

January 21, 2023

ကစားသမားသစ်မူဒရစ်ခ် အသင်းနှင့်အံဝင်ရန် အချိန်လိုအပ်နိုင်ဟု နည်းပြပေါ်တာ သုံးသပ်

ကစားသမားသစ်မူဒရစ်ခ်ဟာ အသင်းနဲ့ အံဝင်ဖို့ အချိန်လိုအပ်နိုင်ကြောင်း ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကပြောပါတယ်။

အသက် ၂၂ နှစ်ရှိ ယူကရိန်းလက်ရွေးစင် မူဒရစ်ခ်ဟာ ယူကရိန်းကလပ်ရှက်တာဒိုးနက်စ်ကနေ ပေါင် ၈၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

ပရီးမီးယားလိဂ်ဟာ မတူညီတဲ့ လိဂ်ပြိုင်ပွဲဖြစ်တာကြောင့် မူဒရစ်ခ်အနေနဲ့ အချိန်တစ်ခုလိုအပ်မှာကို အားလုံးကနားလည်း လက်ခံထားပြီး ကူညီပေးသွားရမှာဖြစ်ကြောင်း နည်းပြပေါ်တာက ပြောပါတယ်။

မူဒရစ်ခ်ဟာ အလားအလာကောင်းတွေအများကြီးရှိတဲ့ လူငယ်ကစားသမားဖြစ်ပေမဲ့ အတွေ့အကြုံရှိပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားလို့လည်း ဂရေဟမ်ပေါ်တာ ချီးကျူးပါတယ်။

ပွဲမကစားရတာကြာပြီဖြစ်ပေမယ့် လေ့ကျင့်ရေးကွင်းမှာ ကောင်းမွန်စွာလုပ်နိုင်ခဲ့လို့ လီဗာပူးနဲ့ပွဲမှာ ပါဝင် ကစားနိုင်ဖွယ်ရှိကြောင်းလည်းပေါ်တာက ဆိုပါတယ်။

မူဒရစ်ခ်ဟာ  ရှက်တာဒိုးနက်စ်နဲ့ နိုဝင်ဘာ ၂၃ ရက်မှာကစားခဲ့ပြီးနောက် ပြိုင်ပွဲအဆင့်ပွဲစဉ်တွေ ထပ်မကစားဖြစ်သေးပါဘူး။ 

23 hours Ago

January 17, 2023

မူဒရစ်ခ်၏ ပြောင်းရွှေ့ကြေးထဲက ပေါင် ၂၂ သန်းကို ယူကရိန်းစစ်တပ်အတွက် ကူညီမည်

ယူကရိန်းလက်ရွေးစင်ကြယ်ပွင့် မူဒရစ်ခ်ကို ရောင်းချမှုကနေ ယူကရိန်းစစ်တပ်အတွက် ပေါင် ၂၂ သန်း ကူညီပေးသွားမယ်လို့ ရှက်တာဒိုးညက်အသင်းက ထုတ်ပြန်ပါတယ်။

ရှက်တာဒိုးညက်အသင်းဟာ  လူငယ်တိုက်စစ်မှူး မူဒရစ်ခ်ကို ပေါင် ၈၉ သန်းနဲ့ ချဲလ်ဆီးအသင်းဆီကို ရောင်းချခဲ့တာပါ။

အဲဒီထဲကနေ ပေါင် ၂၂ သန်းကို ယူကရိန်းစစ်သားတွေနဲ့၊ ကျဆုံးခဲ့ရတဲ့ စစ်သားတွေရဲ့ မိသားစုဝင်တွေကို ကူညီပေးသွားမယ်လို့ ရှက်တာဒိုးညက်အသင်းဥက္ကဋ္ဌ အက်ခ်မီတက်ဗ် ကပြောပါတယ်။

ယူကရိန်းနိုင်ငံကို ကူညီထောက်ခံပေးကြတဲ့ ကမ္ဘာ့နိုင်ငံတွေကို ကျေးဇူးတင်ပြီး နိုင်ငံကို ကာကွယ်ပေးနေတဲ့ ယူကရိန်းစစ်တပ်ကိုလည်း ကျေးဇူးတင်ကြောင်း ရှက်တာဒိုးညက်ဥက္ကဋ္ဌက ပြောပါတယ်။

ရှက်တာဒိုးညက် အသင်းအနေနဲ့ ချဲလ်ဆီးအသင်းကို ယူကရိန်းနိုင်ငံဆီ ဖိတ်ခေါ်ပြီး ခြေစမ်းပွဲ ကစားနိုင်ဖို့လည်းကြိုးပမ်းသွားမယ်လို့ ပြောသွားပါတယ်။

5 days Ago
Up