close

မြဝတီ-ကော့ကရိတ်

close

October 6, 2022

မြဝတီ-ကော့ကရိတ် လမ်းဟောင်းရှိ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဟောင်း အောက်ဗိုလ်တဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်သိမ်းဆည်းလိုက်တယ်လို့ KNLA တပ်မှူး စောကျော်သက်က ပြောပါတယ်။

ဒါဟာ မြန်မာပြည်သူတွေအတွက် အရေးမပါတဲ့စခန်းဖြစ်ပြီး မလိုအပ်ဘဲ စစ်ကောင်စီက စခန်းချထားတာကြောင့် သိမ်းပိုက်ရတာဖြစ်ကြောင်း၊ စခန်းကို ပစ်ခတ်သိမ်းဆည်းချိန်မှာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှု မပြုနိုင်ဘဲ ဘေးလွတ်ရာကို အကုန်လုံး ထွက်ပြေးသွားကြောင်း သူက ဆက်ပြောပါတယ်။

မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ အောက်ဗိုလ်တဲ စခန်းသိမ်းတိုက်ပွဲမှာတော့  စစ်ကောင်စီတပ်သား သေဆုံးမှုမရှိပေမဲ့ စစ်လက်နက် သိမ်းဆည်းရမိခဲ့တဲ့ အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့  အတည်မပြုနိုင်သေးပါဘူး။

6 months Ago

October 5, 2022

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ပွင့်နေခြည် ဇာတ်သဘင်အဖွဲ့ကား တိမ်းမှောက်၊ ၇ ဦးသေဆုံး

မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ  မော်လမြိုင်ပွင့်နေခြည် ဇာတ်သဘင် အဖွဲ့ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တဦးအပါအဝင် ၇ ဦး သေဆုံးကာ ၁၀ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြဝတီလူမှုအဖွဲ့တွေဆီက သိရပါတယ်။

မော်လမြိုင်ပွင့်နေခြည် ဇာတ်သဘင်အဖွဲ့ဟာ မြဝတီမြို့ကို ပွဲကဖို့သွားရာ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၄ နာရီလောက်က အာရှလမ်းမှာ ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့တာပါ။ 

ကားပေါ်မှာ လူ ၂၈ ဦး လိုက်ပါစီးနင်းလာပြီး ၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အမျိုးသား ၆ ဦး စုစုပေါင်း ၇ ဦးသေဆုံးသွားတာလို့ မြဝတီလူမှုကူရေးအဖွဲ့တွေဆီက သိရပါတယ်။

ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်းတွေက မြဝတီဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

6 months Ago
Up