close

မွေးရပ်မြေ

close

July 23, 2022

တိုက်စစ်မှူးဆွာရက်ဇ်ပြန်လာရန် မွေးရပ်မြေကလပ်ပရိသတ်၂၀,၀၀၀ ခန့် တောင်းဆို

တိုက်စစ်မှူးဆွာရက်ဇ် ပြန်လည်ပြောင်းရွှေ့လာဖို့ မွေးရပ်မြေ ဥရုဂွေးကလပ်ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

ဆွာရက်ဇ်ဟာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်နဲ့ စာချုပ် သက်တမ်းကုန်ဆုံးခဲ့တာကြောင့် အသင်းလက်မဲ့ဖြစ်နေချိန်မှာ သူပထမဆုံးကစားခဲ့တဲ့ မွေးရပ် မြေကလပ် နေရှင်နယ်အသင်းပရိသတ်တွေက ပြန်လာဖို့တောင်းဆိုခဲ့ကြတာပါ။

ဥရုဂွေးထိပ်သီးကလပ် နေရှင်နယ်အသင်းပရိသတ် ၂၀၀၀၀ လောက်ဟာ ကာရစ်တိုအသင်းနဲ့ အိမ်ကွင်းလိဂ်ပွဲစဉ်မှာ ပွဲချိန် ၉ မိနစ်မှာ ဆွာရက်ဇ်ပုံပါ မျက်နှာဖုံးတွေကို တပ်ဆင်ပြီး အသင်းဟောင်းဆီပြန်လာဖို့ တောင်းဆိုခဲ့ကြပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ သူ့အသက် ၁၈ နှစ်အရွယ်မှာ နေရှင်နယ်အသင်းနဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲစဉ် ကစားခဲ့ပြီး လိဂ်ချန်ပီယံဖြစ်အောင် စွမ်း ဆောင်နိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ကိုခေါ်ယူဖို့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။

5 months Ago

July 2, 2020

လုပ်ကြံသတ်ဖြတ်ခံရသည့်  အီသီယိုးပီးယားအဆိုတော်ကို မွေးရပ်မြေ၌ သင်္ဂြိုဟ်

သေနတ်နဲ့ပစ်သတ်ခံရတဲ့ အီသီယိုးပီးယားအဆိုတော် ဟာကာလူဟန်ဒက်ဆာရဲ့ ရုပ်အလောင်းကို  ဇူလိုင်လ ၂  ရက်က မွေးရပ်ဇာတိမြို့မှာ မြေမြုပ်  သင်္ဂြိုဟ်ခဲ့ပါတယ်။  အသက် ၃၅ နှစ် အရွယ် အဆိုတော်ဟာ ဇွန်လ ၂၉ ရက်က မြို့တော် အဒစ်အက်ဘာဘာမှာ  အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာပါ။  သူ့ဇနီးက ခင်ပွန်းဖြစ်သူ သွေးစွန်းခဲ့တဲ့မြို့တော်  အဒစ်ဘာဘာမှာ  အောက်မေ့ဖွယ် အထိမ်း အမှတ်နေရာ လုပ်ပေးဖို့ တောင်းဆိုခဲ့ ပါတယ်။  သူ့ကို နှုတ်ဆက်တဲ့အခမ်းအနားကို   မြို့တော်ကနေ မိုင် ၆၀ ဝေးတဲ့  အဆိုတော်ရဲ့ မွေးရပ်မြေ အမ်ဘိုမြို့ကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။  သူရဲ့ ခေါင်းတလားကိုတော့ ဘုရားကျောင်း တစ်ခုမှာ မြေမြှုပ်ခဲ့ပါတယ်။  သူ့ရဲ့ဆွေမျိုး တစ်ဦးကလည်း ဈာပနကို လူအနည်းငယ်သာ လိုက်ပို့ခွင့်ပြုပြီး  လုံခြုံရေး တွေက လူတွေအများကြီးကို မောင်းထုတ်ပစ်တဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောဆို ပါတယ်။   အီသီယိုးပီးယားအဆိုတော် ဟာကာလူလူ ပစ်သတ်ခံရတဲ့ သတင်းကြောင့် မြို့တော်နဲ့  အနီး ဝန်းကျင်  အိုရိုမီယာဒေသမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး လူ ၈၀ ကျော် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
2 years Ago
Up