close

ယူရို၂၀၂၄

close

May 11, 2022

ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပမည်

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဂျာမနီနိုင်ငံ မြူးနစ်မြို့က ဖက်စ်ဘောအရီနာ ဘောလုံးကွင်းကြီးမှာ ကျင်းပမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုတော့ ဘာလင်မြို့က အိုလံပီယား စတာဒီအွန် ဘောလုံးကွင်းမှာ ကျင်းပဖို့ စီစဉ်နေပါတယ်။

မေ ၁၀ ရက်နေ့က UEFA ဘောလုံးအဖွဲ့ချုပ် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးကို အော်စတီးယားမြို့တော် ဗီယင်နာမြို့မှာ ပြုလုပ်ပြီး ဘောလုံးပွဲ အစီအစဉ်တွေကို အခုလို ကြေညာလိုက်တာပါ။

၂၀၂၄ ဇွန် ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ တလတာကျင်းပမယ့် ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲတွေကို ဂျာမနီနိုင်ငံ မြို့ကြီး ၁၀ မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

12 months Ago
Up