close

ရုရှားဓာတ်ငွေ့ပိုက်လိုင်း

close

December 21, 2022

ရုရှားဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး လူ ၃ ဦး သေဆုံး

ရုရှားနိုင်ငံ အာတိတ်ဒေသကနေ ယူကရိန်းနိုင်ငံကို ဖြတ်သန်းပြီး ဥရောပဆီ သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတခု ရုရှားအလယ်ပိုင်းမှာ ပေါက်ကွဲခဲ့လို့ လူ ၃ ယောက် သေဆုံးတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ TASS သတင်းဌာနက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။

ဗော်လ်ဂါမြို့ရဲ့ အနောက်ဘက် မိုင် ၉၀ အကွာ ကာလီနီနိုရွာနားမှာ စီစဉ်ထားတဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ ပိုက်လိုင်းပေါက်ကွဲခဲ့တာလို့ ချူဗာရှီယာ ဒေသဆိုင်ရာ အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ထွက်လာတဲ့ ဓာတ်ငွေ့ မီးတောက်ကို ငြှိမ်းသတ်ပြီးပြီလို့ ဆိုပါတယ်။

၁၉၈၀ ပြည့်နှစ်တွေမှာ တည်ဆောက်ခဲ့တဲ့ ပိုက်လိုင်းဟာ ဆဒ်ဇာ  မီတာတိုင်းတာရေးမှတ်တိုင်က တဆင့် ယူကရိန်းနိုင်ငံထဲကို ဖြတ်သန်းဝင်ရောက်ပြီး လက်ရှိမှာ ရုရှားဓာတ်ငွေ့အတွက် ဥရောပကိုရောက်ဖို့ အဓိကလမ်းကြောင်းလည်း ဖြစ်ပါတယ်။

ဗီဒီယိုတွေမှာ မြင်တွေ့ရတဲ့ မြေပြင်အနေအထား၊ ရာသီဥတုတို့နဲ့ အာဏာပိုင်တွေက ထုတ်ပြန်တဲ့ နောက်ဆက်တွဲဓာတ်ပုံတို့ ကိုက်ညီတဲ့အတွက် ရိုက်ကူးထားတဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။

15 mins Ago

September 27, 2022

ရုရှားဓာတ်ငွေ့ပိုက်လိုင်းပြန်ဖွင့်ရေး ဂျာမနီတွင် ဆန္ဒပြ

ယူကရိန်းစစ်ပွဲ စတင်အပြီး ရုရှားကနေ ဂျာမနီနိုင်ငံဆီကို ပို့ဆောင်တဲ့ နော့ဒ်စထရင်းမ်တူး ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းထားတာကို ပြန်ဖွင့်ပေးဖို့ ဂျာမနီနိုင်ငံ အရှေ့ခြမ်းပင်လင်ကမ်းခြေမြို့လဘ်မင်မှာ စက်တင်ဘာ ၂၅ ရက်က ဂျာမန်လူမျိုး ရာပေါင်း များစွာက ဆန္ဒပြတောင်းဆိုကြပါတယ်။

“ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ရင် အပူပေးစနစ်ကို ပိတ်တာနဲ့ တူတူပဲ။ ဂျာမနီဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ဒီလိုမျိုးမဖြစ်နိုင်ပါဘူး"လို့ ဆန္ဒပြပွဲစီစဉ်သူက ပြောပါတယ်။

ဒီမြို့ဟာ ဂျာမနီမှာ Nord Stream 2 ပိုက်လိုင်း ဆိုက်ရောက်ရာ မြို့ပါ။ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တာကို ဆန့်ကျင်တဲ့အနေနဲ့ ယူကရိန်းအမျိုးသမီးတစ်ဖွဲ့က စင်မြင့်ရှေ့မှာ တက်လာပေမယ့် လုံခြုံရေးဝန်ထမ်းတွေက စောင့်ကြပ်ပေးခဲ့ကြပါတယ်။

ဂျာမနီအဓိပတိ အောလော့ဖ်ှရွှိုက်ဇ်ရဲ့ ပင်လယ်ကွေ့ဒေသသို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဒုတိယမြောက်နေ့မှာ ဆန္ဒပြမှုဟာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်ဖို့နဲ့ ရုရှားဆီက စွမ်းအင်အားမကိုးရဖို့ ကြိုးပမ်းတဲ့ လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။

မကြာသေးခင်က  ဂျာမန်စီးပွားရေးဝန်ကြီး ရောဘတ်ဟာဘက်ခ်ဟာ လဘ်မင်မြို့ဆီကို သွားရောက် လည်ပတ်ခဲ့ပြီး Nord Stream 2 ဟာ ဂျာမနီနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်မယ့် အခြေအနေမျိုးမရှိဘူးလို့ ပြောခဲ့ပါတယ်။

3 months Ago
Up